HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် တောင်ကိုရီးယားသို့ လာရောက်ဖွယ်ရှိ

ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် တောင်ကိုရီးယားသို့ လာရောက်ဖွယ်ရှိ

ဆိုးလ်၊ ဒီဇင်ဘာ ၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ယခုနှစ်မကုန်မီ ကာလအတွင်း တောင်ကိုရီးယား သို့ လာရောက်လည်ပတ်ရန်ဖြစ် နိုင်ခြေရှိသေးကြောင်း၊ တောင်ကို ရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက် တွင် ပြောကြားလိုက်သည်။ တောင်ကိုရီးယားအစိုးရက လည်း ကင်လာရောက်လည်ပတ် ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ဆက်လက်လုပ်ကိုင်လျက်ရှိ ကြောင်း ပြောကြားလိုက်သည်။ ကင်လာရောက်လည်ပတ် ရန်အတွက် မိမိတို့ဘက်ကရပ်တည် ချက်မပြောင်းလဲကြောင်း၊ ယခုနှစ် မကုန်မီ လာရောက်လည်ပတ်မှုဖြစ် နိုင်ကြောင်း ဝန်ကြီးဌာနပြောခွင့် ရပုဂ္ဂိုလ်ဘိုင်တေးဟွန်က ပြော ကြားလိုက်သည်။

မိမိတို့က လိုအပ်သည့်ကြို တင်ပြင်ဆင်မှုများကို တိတ်ဆိတ် စွာဆက်လက်လုပ်ဆောင်နေ ကြောင်း၊ ကိုရီးယားနှစ်နိုင်ငံသ ဘောတူညီချက်များကို ပြဿနာ မဖြစ်အောင် ဆက်လက်လုပ် ဆောင်နေကြောင်း ¤င်းကသတင်း ထောက်များကို ပြောကြားလိုက် သည်။ စက်တင်ဘာလတွင် တတိယ အကြိမ်ထိပ်သီးဆွေးနွေးပွဲကို ပြုံ ယမ်းမြို့၌ ပြုလုပ်ခဲ့စဉ် ကင်က တောင်ကိုရီးယား၏ ဆိုးလ်မြို့သို့ အမြန်ဆုံး လာရောက်လည်ပတ် မည်ဟု ကတိပေးခဲ့ကြောင်း၊ သမ္မ တမွန်၏ ပြုံယမ်းသို့လာမည့်အ တွက် အပြန်အလှန်သဘောအ လည်လာမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။  မြောက်ကိုရီးယားခေါင်း ဆောင်သည် ယခုနှစ်မကုန်မီလာ ရောက်ရန်ရှိသော်လည်း မြောက် ကိုရီးယားနှင့်အမေရိကန်တို့အ ကြား နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲရပ်ဆိုင်းနေ၍ ဖြစ်နိုင် ကြောင်း ကင်၏လည်ပတ်မှုအ တွက် သံသယဖြစ်နေသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။


အာဂျင်တီးနား၌ မွန်နှင့်ထရန့် တို့တွေ့ဆုံစဉ် ထရန့်က ကင်ဂျုံ အန်နှင့် ဒုတိယအကြိမ်ထိပ်သီးဆွေး နွေးပွဲပြုလုပ်ရန် ဆန္ဒရှိသည်ဟု ပြောခဲ့ကြောင်း၊ ကင်၏ ဆိုးလ်ခရီး စဉ်သည်လည်း ကိုရီးယားကျွန်း ဆွယ် နျူကလီးယားကင်းမဲ့ရေးကို အထောက်အကူပြုလိမ့်မည်ဟု ပြောခဲ့ကြသည်ဟု ဆိုသည်။ မကြာမီက မြောက်နှင့်တောင် ရထားလမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ မည်သည့်ပြဿနာမှမရှိခဲ့ကြောင်း ဘိုင်ကပြောခဲ့သည်။ နိုဝင်ဘာ ၃ဝ ရက်က တောင် ကိုရီးယား ရထား မြောက်ကိုရီး ယားသို့ စတင်သွားခဲ့သည်။ ဤ သည်မှာ ခေါင်းဆောင်နှစ်ဦး၏သဘောတူညီချက်ဖြစ်သည်။


Yonhap

#democraytoday

Rate this item
(0 votes)
back to top