HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကွယ်လွန်သူ သမ္မတဟောင်း ဂျော့အိပ်ခ်ျဒဗလျူဘုရှ်၏ ရုပ်အလောင်း ကက်ပီတောသို့ရောက်ရှိ၊ သုံးရက်ကြာ ဂုဏ်ပြုထားရှိမည်

ကွယ်လွန်သူ သမ္မတဟောင်း ဂျော့အိပ်ခ်ျဒဗလျူဘုရှ်၏ ရုပ်အလောင်း ကက်ပီတောသို့ရောက်ရှိ၊ သုံးရက်ကြာ ဂုဏ်ပြုထားရှိမည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ 

ကွယ်လွန်သူအမေရိကန် သမ္မတဟောင်း ဂျော့အိပ်ခ်ျဒဗ လျူဘုရှ်၏ ရုပ်အလောင်းအား ဝါရှင်တန် ကက်ပီတောအဆောက် အအုံ၌ သုံးရက်ကြာထားရှိမည် ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်နှင့် ဇနီးအပါအဝင် အမေရိကန်ပြည် သူများက ဒီဇင်ဘာ ၄ ရက်က လာရောက်ဂါရဝပြုခဲ့ကြသည်။ ဘုရှ်၏ ရုပ်အလောင်း ခေါင်းတလားအား ၁၈၆၅ ခုနှစ်က ကွယ်လွန်သူအမေရိကန်သမ္မတ အေဘရာဟင်လင်ကွန်းရုပ်အ လောင်းတင်ထားခဲ့သောနေရာ အ ထက်စင်မြင့်၌ တင်ထားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက သူရဲ ကောင်းတစ်ဦးဖြစ်ပြီး နောက်ဆုံးသေဆုံး ချိန်အထိ ဘု(ရှ်) ဆောင်ရွက်ခဲ့သော နိုင်ငံအကျိုးပြုဖြစ်ရပ်များ ဂုဏ်ပုဒ် များကိုလည်း ဖော်ကျူးခဲ့ကြသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အမေရိကန်နိုင်ငံ၏ ၄၁ ဆက် မြောက်သမ္မတ ဘု(ရှ်)သည် နိုဝင် ဘာ ၃ဝ ရက်က အသက် (၉၄) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်သူသမ္မတဟောင်း ဘု(ရှ်)၏အောက်မေ့ဖွယ်အခမ်း အနားစတင်ကျင်းပသော ဒီဇင် ဘာ ၃ ရက် ညနေပိုင်းတွင် ဘုန်း တော်ကြီး ပက်ထရစ်ဂျေကွန်နီက ဘု(ရှ်)၏ ဂုဏ်ပုဒ်သတင်းများကို ချီးကျူးပြောကြားခဲ့သည်။ ဘု(ရှ်) ၏ ရေတပ်အရာရှိဘဝမှ နိုင်ငံရေး လောကလွှတ်တော်အမတ်ဘဝသို့ ကူးပြောင်းရောက်ရှိလာပုံ။ ကု လသမဂ္ဂသံအမတ်၊ တရုတ်သံအ မတ်၊ စီအိုင်အေညွှန်ကြားရေးမှူး၊ အမေရိကန်ဒုတိယသမ္မတမှ သမ္မတ အထိဖြစ်လာခဲ့ပုံများကို ထုတ်ဖော် ချီးကျူးပြောဆိုခဲ့သည်။ ''သူဟာ ကြီးမြင့်သူတစ်ဦး အဖြစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်''ဟူ ၍ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ပေါလ်ရန်းက ထုတ်ဖော်ပြောဆို လိုက်သည်။


ဂျော့အိပ်(ခ်ျ)ဒဗလျူဘု(ရှ်) ရုပ်အလောင်းသည် ကက်ပီတော် အဆောက်အအုံသို့ သုံးရက်ကြာ ဂုဏ်ပြုအခမ်းအနားအတွက် သယ် ဆောင်ထားရှိခဲ့ပြီးဖြစ်သည်။ ရုပ် အလောင်းရောက်ရှိချိန်တွင် ဒုတိ ယသမ္မတမိုက်ပင့်(စ်)နှင့် ရီပတ် ဘလစ်ပါတီခေါင်းဆောင် မစ်(ခ်ျ) မက်ကော်နယ်လ်တို့က ဂုဏ်ပြုအ မှတ်တရစကားများ ပြောကြားခဲ့ ကြသည်။ ကွယ်လွန်သူသမ္မတ ဟောင်းအား ဂုဏ်ပြုရာတွင် မတူ ညီသော နိုင်ငံရေးခံယူချက်များ ကိုထည့်မပြောဘဲ ဖယ်ရှားထားခဲ့ ကြသည်။ ဒီမိုကရက်ပါတီမှ အမတ် နန်စီပီလိုစီကလည်း ဘု(ရှ်)အပေါ် နွေးထွေးသော ဂုဏ်ပြုချီးကျူး စကားများ ပြောကြားခဲ့သည်။ အ ထက်လွှတ်တော်အမတ်ချုပ်စကူး မားနှင့်အတူ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခဲ့ကြသည်။ ကက်ပီတော အဆောက်အအုံအား လူအများ ဂုဏ်ပြုနိုင်ရန် တစ်ညလုံးဖွင့်လှစ် ပေးထားသည်။


ဘု(ရှ်)၏ ရုပ်အလောင်းအား ဝါရှင်တန်ကက်ပီတော်အဆောက် အအုံသို့ သယ်ဆောင်လာရာ တွင် တက္ကဆက်ဂုဏ်ပြုတပ်ဖွဲ့မှ အမြောက် ၄၁ ချက်ပစ်ဖောက် ဂုဏ်ပြုခဲ့သည်။ ရုပ်အလောင်း ကက်ပီတော အဆောက်အအုံသို့ရောက်ရှိရာ တွင်လည်း ဂုဏ်ပြုတပ်ဖွဲ့က အ မြောက်ပစ်ဖောက်ကာ ကြိုဆို ဂုဏ်ပြုခဲ့သည်။ ဘု(ရှ်)ကွယ်လွန် ခြင်းအထိမ်းအမှတ်အဖြစ် ဒီဇင် ဘာ ၃ဝ ရက်အား အမေရိကန် တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ အမေရိကန်အလံ အား ရက်ပေါင်း ၂ဝ လုံး တိုင်ဝက် လွှင့်ထူထားမည်ဖြစ်သည်။ ကွယ် လွန်သူသမ္မတဘု(ရှ်)သည် အမေ ရိကန်သမ္မတဖြစ်ခဲ့သော်လည်း ဘဝတစ်လျှောက်လုံး ရိုးရိုးအေး အေးသာ နေထိုင်ခဲ့သည်။ သူ ကွယ်လွန်သွားသဖြင့် အသက်ရှင် ကျန်နေသေးသော အမေရိကန် သမ္မတဟောင်းများမှာ ဂျင်မီကာတာ၊ ဘီလ်ကလင်တန်၊ ဂျော့(ခ်ျ) ဒဗလျူဘု(ရှ်)နှင့် ဘားရက်အိုဘား မားတို့လေးဦးသား ကျန်ရှိတော့ သည်။

 

၁၉၉၁ ခုနှစ်က အီရတ် နိုင်ငံက အိမ်နီးချင်းကူဝိတ်နိုင်ငံ သို့ ကျူးကျော်သိမ်းပိုက်စဉ်က မဟာမိတ်တပ်များဖြင့် အီရတ် ကျူးကျော်တပ်များအား အောင် မြင်စွာ တိုက်ထုတ်နိုင်ခဲ့ခြင်းနှင့် ဆိုဗီယက်ယူနီယံနှင့် တစ်လျှောက် လုံးဆင်နွှဲခဲ့ရသော စစ်အေးတိုက် ပွဲကို လက်စသတ်နိုင်ခဲ့ခြင်းများ သည် သမ္မတဟောင်းဘု(ရှ်)၏ အအောင်မြင်ဆုံးသော မှတ်တိုင် များဖြစ်ခဲ့ရသည်။ အသက် (၁၈) နှစ်အရွယ်က အမေရိကန်ရေတပ်သို့ ဝင်ရောက် ခဲ့ပြီး အသက် (၂ဝ) တွင် ဒုတိယ ကမ္ဘာစစ်အတွင်း၌ ဂျပန်သို့စစ် ဆင်ရေးတာဝန်ဖြင့် အသွားတွင် ရန်သူပစ်ခတ်ခြင်းခံခဲ့ရသည်။


Ref ; AP

#democracytoday

Rate this item
(0 votes)
back to top