ကာတာနိုင်ငံက အိုပက်အဖွဲ့မှ နုတ်ထွက်မည့် ကိစ္စသည် ဆော်ဒီနှင့် မသင့်မြတ်မှုကို ဖော်ပြနေကြောင်း အီရန် ဆို

တီဟီရန်၊ ဒီဇင်ဘာ ၎
ကာတာနိုင်ငံ၏ ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများအဖွဲ့ OPEC မှ နုတ်ထွက်ရန် ဆုံးဖြတ်ရခြင်းမှာ ရေနံအနည်းငယ်သာ ထုတ်လုပ် သည့်နိုင်ငံအား ဆော်ဒီအာရေဗီး ယားက အိုပက်အဖွဲ့ကို လွှမ်းမိုး ထားက ကပျက်ယပျက်လုပ်၍ဖြစ် ကြောင်း အီရန်စွမ်းအင်အထက် တန်းအရာရှိတစ်ဦးက ပြောကြား လိုက်ကြောင်း ဆင်ဟွာသတင်းက ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြခဲ့ သည်။
ကာတာ၏ဆုံးဖြတ်ချက်အ ပေါ်တွင် စိတ်မကောင်းဖြစ်နေ ကြောင်း မိမိတို့အနေဖြင့် ကာတာ ၏မတော်မတရားအလုပ်ခံရသည် ကို နားလည်ကြောင်း၊ အီရန်နိုင်ငံ ၏ အိုပက်အဖွဲ့ဆိုင်ရာ မဟာမင်း ကြီး ဟိုစိန်ယင်ကာ ဇန်ပေါအာဒက် ဘီလီက Press TV ကို ပြောကြား လိုက်သည်။ အာဒက်ဘီလီက ပြောကြား သည်မှာ ကာတာ၏ ဆုံးဖြတ်ချက် မှာ ဝန်ကြီးအဆင့် ကြီးကြပ်ရေး ကော်မတီ JMMC ၏ တစ်ဖက် သတ်ရေနံထုတ်လုပ်မှုကို ဆုံးဖြတ် ၍ဖြစ်သည်ဟု ဆိုသည်။
JMMC ကိုအိုပက်၏သြဇာ အရှိဆုံးဆော်ဒီအာရေဗီးယားနှင့် အိုပက်အဖွဲ့ဝင်မဟုတ်သည့် ရုရှား တို့ပူးတွဲဖွဲ့ထားသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့က ရေနံထုတ်လုပ်မှုဖြတ် တောက်ရေးကို အဆုံးအဖြတ်ပေး လျက်ရှိသည်။ JMMC ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် အခြားအို ပက်အဖွဲ့ဝင်နိုင်ငံများကိုပါ ထိခိုက် ချက်ရှိသည်။ အိုပက်အဖွဲ့ဝင်နိုင်ငံ များ၏ သဘောတူညီချက်မရှိဘဲ ရေနံထုတ်လုပ်မှု ဖြတ်တောက်ခဲ့ ကြောင်း အာဒက်ဘီလီက ပြော ကြားလိုက်သည်။ ကာတာနိုင်ငံသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ အိုပက်အ ဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကာတာနိုင်ငံထုတ် Gulf Times အင်္ဂလိပ်ဘာသာထုတ် သတင်းစာ တွင် တနင်္လာနေ့က ဖော်ပြခဲ့သည်။
Ref: Xinhua
#democracytoday
Latest from M Bwe
- အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော အပေါ့စား ကားငယ်များ ထုတ်လုပ်မည်
- တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ နောက်ဆုံးထားပြုလုပ်ရမည့်ရက် တိုးမြှင့်သွား မည်ဟု အမေရိကန်သမ္မတ ထရန့် ဆို
- ဗင်နီဇွဲလားအစိုးရက အတိုက်အခံများနှင့် ကြိုတင်စည်းကမ်း မသတ်မှတ်ဘဲ ဆွေးနွေးသွားမည်
- ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်က ထောက်ပံ့ရေးပစ္စည်းများ နိုင်ငံတွင်းသို့ ရောက်ရှိရေး ဆောင်ရွက်သွားမည် ဟုဆို
- မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုတွင် အပြစ်ရှိကြောင်း တွေ့ရှိ