HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပြန်လည် အသုံးပြု၍ရသော ဒုံးပျံဖြင့် ဂြိုဟ်တု ၆၄ လုံးကို အာကာသသို့ သယ်ဆောင်သွား

ပြန်လည် အသုံးပြု၍ရသော ဒုံးပျံဖြင့်  ဂြိုဟ်တု ၆၄ လုံးကို အာကာသသို့ သယ်ဆောင်သွား

ဗန်ဒင်ဘတ်လေတပ်စခန်း၊ ဒီဇင်ဘာ ၎

Space X ၏ ဒုံးပျံတစ်စင်းသည် ဂြိုဟ်တုအငယ်စား ၆၄ လုံး ကို အာကာသသို့ သယ်ဆောင်သွားခဲ့ကြောင်း AP သတင်းက ဒီဇင် ဘာ ၄ရက်တွင်ဖော်ပြလိုက်သည်။ ကယ်လီဖိုးနီးယား ဒုံးပျံစခန်းမှ ဖယ်လကွန် ၉ ဒုံးပျံအား သုံးကြိမ်မြောက် အာကာသသို့ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း  AP သတင်းက ထပ်မံဖော်ပြခဲ့သည်။ ဒုံးပျံကို ဗန်ဒင်ဘတ်လေတပ်စခန်းမှ ပစ်လွှတ်တင်ခဲ့ခြင်းဖြစ် ကြောင်း၊ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း လော့စ်အိန်ဂျလစ့်မြို့ကို ဝေ့ဝိုက်ကာ အာကာသသို့ဦးတည်ထွက်ခွာသွားခဲ့ကြောင်း AP သတင်းက ဖော်ပြလိုက်သည်။ ဒုံးပျံပစ်လွှတ်၍ မိနစ်အနည်းငယ်ကြာပြီးနောက် ဒုံးပျံ၏ ပထမ အစိတ်အပိုင်းသည် ပစိဖိတ်သမုဒ္ဒရာရှိ လူမပါသည့်သင်္ဘောပေါ်သို့ ပြန်လည်ကျဆင်းခဲ့သည်ဟုဆိုသည်။ ဤဒုံးပျံမှာ မေလနှင့်သြဂုတ်လ ကလည်း အာကာသသို့ပစ်လွှတ်ခဲ့ပြီး မြေပြင်သို့ပြန် လည်ဆင်းသက် ကာ ပြန်လည်ပြင်ဆင်မှုပြုရန်မလိုဘဲ ပထမဆုံးအကြိမ် အသုံးပြု၍ရ သော ဒုံးပျံဖြစ်သည်ဟုဆိုသည်။ ဤဒုံးပျံမှာ ၁ဝကြိမ် သို့မဟုတ် ထို ထက်ပိုသောအကြိမ်များဖြင့် အာကာသသို့ ပစ်လွှတ်နိုင်မည်ဟု ယုံ ကြည်ရသည်။

ဤပြန်သုံးဒုံးပျံအား Space X  တည်ထောင်သူ အီလွန်မတ်စ် က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤအာကာသဒုံးပျံ SSO-A တွင် ဂြိုဟ်တုအငယ်စား ၃၄ လုံးကို နိုင်ငံ ၁၇ခုအတွက် သယ်ဆောင်သွားခဲ့သည်။ ဂြိုဟ်တု ၆၄ လုံးအား သယ်ဆောင်၍ ကမ္ဘာပတ်လမ်းကြောင်းအနိမ့်ပိုင်းသို့ရောက်အောင် ခြောက်နာရီကြာသွားရမည်ဟုဆိုသည်။ Space X ဒုံးပျံသည် ဂြိုဟ်တုများ၏အပေါ်မှ ဂျက်အင်ဂျင်ကို တပ်ဆင်ထားကာ အာကာသသို့ ဂြိုဟ်တုများတင်ပြီးနောက် သမုဒ္ဒရာ ထဲရှိ ဒုံးပျံဆင်းမည့်သင်္ဘောပေါ်သို့ ပြန်လည်ဆင်းသက်စေခဲ့သည်။


ဒုံးပျံအစိတ်အပိုင်းနှစ်ခုကို လေထီးဖြင့် တပ်ဆင်ဆင်းသက်စေ ခဲ့သည်။ သင်္ဘောနှင့်အနီးဆုံး ရေပြင်သို့ ကျဆင်းစေသည်လည်းရှိသည်။ အဆိုပါဒုံးပျံများကို နောက်ထပ်ပြန်လည်အသုံးပြုရန် အခြောက် ခံစေသည်။ ဒုံးပျံထိပ်ဖူးကိုနောက်ထပ် ပြန်လည်အသုံးပြုနိုင်သည့် အင်ဂျင်နှင့် တွဲဖက်အသုံးပြုခြင်းဖြစ်သည်။ ဂြိုဟ်တု ၆၄ လုံးသယ်ဆောင်မှုမှာ အမေရိကန်အခြေစိုက် Space X ၏ စံချိန်တင်လုပ်ရပ်ဟု ဆိုသည်။

Ref: AP

#democracytoday

Rate this item
(0 votes)
back to top