HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပြင်သစ်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ဆိုင်းငံ့မှု ရှုပ်ထွေးသော တုံ့ပြန်မှုများ ထွက်ပေါ်လျက်ရှိ

ပြင်သစ်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ဆိုင်းငံ့မှု ရှုပ်ထွေးသော တုံ့ပြန်မှုများ ထွက်ပေါ်လျက်ရှိ

ပါရီ

လူကြိုက်များလှခြင်းမရှိသော လောင်စာဆီအခွန် တိုးမြှင့်ကောက်ခံ မည့်အစီအစဉ်ကို ပြင်သစ်အစိုးရက ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။  လက်ရှိအချိန်တွင် လောင်စာ ဆီအခွန် တိုးမြှင့်ကောက်ခံမည့်အစီ အစဉ် ယာယီရပ်ဆိုင်းမှုအပေါ်တွင် လည်း အမျိုးမျိုးအဖုံဖုံသော တုံ့ပြန် မှုများ ထွက်ပေါ်လျက်ရှိသည်။ အလား တူပင် အွန်လိုင်းပေါ်တွင်လည်း ကန့် ကွက်ဆန္ဒပြမှုများ ပိုမိုပြုလုပ်ရန် ဆော် သြမှုများ ရှိသေးသည်ဟုသိရသည်။

ဒီဇင်ဘာ ၄ ရက်က အခွန်တိုး မြှင့်ကောက်ခံမည့်အစီအစဉ်ကို ခြောက် လကြာ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ထုတ်ပြန်ကြေညာ ခဲ့သည်။ အလားတူပင် ဆောင်းရာသီ ကာလအတွင်း ဓာတ်ငွေ့နှင့်လျှပ်စစ် ဓာတ်အားခဈေးနှုန်း မြင့်တက်နေမှု ကို ထိန်းချုပ်ကန့်သတ်ထားရန်ကို လည်း ကတိပြုခဲ့သည်။


ပြင်သစ်နိုင်ငံတွင် ကန့်ကွက်ဆန္ဒ ပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြင် သစ်နိုင်ငံတစ်လွှားတွင် လုပ်သားများ က အမှတ်သင်္ကေတပါသော အဝါ ရောင် စွပ်ကျယ်အင်္ကျီများကို ဝတ် ဆင်ကာ လမ်းများကို ပိတ်ဆို့ခြင်း၊ ဓာတ်ငွေ့ဖြည့်ဆိုင်များကို သိမ်းပိုက် ၍ စည်းရုံးလှုံ့ဆော်မှုပြုခြင်းနှင့် ရင် ဆိုင်ရလျက်ရှိသည်။ 

Ref: NHK

#theyangontimes

Rate this item
(0 votes)
back to top