HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗြိတိန်ပါလီမန်တွင် ဘရက်ဇစ် သဘောတူညီမှုနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှု စတင်

ဗြိတိန်ပါလီမန်တွင် ဘရက်ဇစ် သဘောတူညီမှုနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှု စတင်

လန်ဒန်

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ က ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ် ထွက်မည့် သူ့အစီအစဉ်ကို သဘော တူ ထောက်ခံရန် ပါလီမန်အဖွဲ့ဝင်များ ကို မေတ္တာရပ်ခံပန်ကြားခဲ့သည်။ သို့ ရာတွင် ပါလီမန်အမတ်တို့က သူ၏အစိုးရကိုသာ ပြစ်တင်ခဲ့ပြီး ဘရက် ဇစ် သဘောတူညီမှုနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံခဲ့ကြသည်ဟု သိရသည်။

မစ္စမေအစိုးရနှင့် အီးယူတို့သည် ဘရက်ဇစ် သဘောတူညီမှုနှင့်ပတ် သက်၍ လွန်ခဲ့သည့်လက သဘော တူညီခဲ့ကြသည်။ အဆိုပါသဘော တူညီမှုကို ပါလီမန် နှစ်ရပ်စလုံးက သဘောတူထောက်ခံမှုရရှိရန် လိုအပ် မည်ဖြစ်သည်။ ဒီဇင်ဘာ ၄ ရက်က ဘရက်ဇစ် သဘောတူညီမှုနှင့်ပတ်သက်၍ ဗြိတိန် ပါလီမန်တွင် ဆွေးနွေးငြင်းခုံမှုပြုရာ တွင် ငါးနာရီခန့်ကြာမြင့်ခဲ့သည်။ မစ္စ မေကမူ ဥပဒေပြုအမတ်များအနေ နှင့် ဂုဏ်သိက္ခာရှိသော အပေးအယူ ညှိနှိုင်းမှုအတွက် မဲပေးဆုံးဖြတ်ရန် တိုက်တွန်းခဲ့သည်။

 

သို့ရာတွင် သူ၏ ဘရက်ဇစ် သဘောတူညီမှုသည် ပြည် သူလူထု၏ဆန္ဒနှင့် တစ်ထပ်တည်း ကျခြင်းမရှိသည်ဟူသော ဝေဖန်ပြစ် တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။  ဗြိတိသျှ သတင်းမီဒီယာတို့၏ဖော်ပြချက်အရ ဘရက်ဇစ် သဘော တူညီမှုနှင့်ပတ်သက်သည့် အလား အလာမှာ ရှင်းလင်းသေချာခြင်း မရှိ သေးကြောင်း သိရသည်။

Ref: NHK, BBC

#theyangontimes

Rate this item
(0 votes)
back to top