HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နျူကလီးယား သဘောတူစာချုပ်ကို လိုက်နာရန် ရုရှားကို အမေရိကန် ရက်ပေါင်း ၆ဝ အချိန်ပေး

နျူကလီးယား သဘောတူစာချုပ်ကို လိုက်နာရန် ရုရှားကို အမေရိကန် ရက်ပေါင်း ၆ဝ အချိန်ပေး

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၅

ရက်ပေါင်း ၆ဝ အတွင်း မော်စကိုအစိုးရအနေဖြင့် ဒုံးကျည်များကို ဖယ်ရှားခြင်းမပြုပါက စစ်အေးခေတ်တွင် ရေးထိုးထားသည့် တာလတ်ပစ် ဒုံးကျည်ကန့်သတ်ရေး သဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု ရုရှားကို အမေရိကန်က ဒီဇင်ဘာ ၄ ရက်တွင် သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ရုရှားအနေဖြင့် လက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေရန် ခြိမ်းခြောက်နေသည့် စနစ်အ သစ်တစ်ခုမှ ရုပ်သိမ်းခြင်းမရှိပါက ၁၉၈၇ ခုနှစ်တွင် သဘောတူထားခဲ့ သော တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့တွင် ဝါရှင်တန်အစိုးရက ကြာ ရှည်မနေနိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေးအစီအစဉ်၏ အရေးကြီးသော အစိတ် အပိုင်းတစ်ခုအနေဖြင့် ရှုမြင်ထားကြသော သဘောတူညီချက်ကို ထိန်းသိမ်းရန် ရုရှား အပေါ်တွင် မူတည်ကြောင်း နေတိုးအဖွဲ့က ပြောကြားခဲ့ပြီး မဟာမိတ်အကြီးအကဲ ဂျင်စ်စတို လန်ဘတ်က နိဂုံးချုပ်ရန်ပြင်ဆင်ထားရမည့်အချိန်ဖြစ်ကြောင်း ပြောဆိုထားသည်။  နေတိုးနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ''သဘောတူစာချုပ်ကို ရုရှားက ချိုးဖောက်နေတယ်လို့ ဒီနေ့မှာ အမေရိ ကန်က ကြေညာလိုက်ပါတယ်။ ရုရှားက အပြည့်အဝနဲ့ လိုက်နာမှုရှိရှိ ပြန်မလုပ်ဘူး ဆိုရင် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်သုံးသပ်မယ့် အစီအစဉ်ကို ကျွန်တော်တို့ ရပ်ဆိုင်းထားမှာပါ။


ရုရှားရဲ့ လုပ်ရပ်တွေဟာ အ မေရိကန်၊ ကျွန်တော်တို့ရဲ့ မဟာ မိတ်တွေနဲ့ မိတ်ဖက်တွေရဲ့ အမျိုး သားလုံခြုံရေးကို ထိခိုက်စေပါ တယ်။ ရုရှားရဲ့ ချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့ ကျွန်တော်တို့ရဲ့ စွမ်းရည် ကို ထိန်းသိမ်းထားဖို့ စာချုပ်ထဲမှာ အမေရိကန်က ဆက်မရှိနေသင့် တော့ပါဘူး''ဟု ပြောဆိုခဲ့သည်။  အမေရိကန်နှင့် နေတိုးတို့က ရုရှား၏ ၉ြ၇၂၉ စနစ်သည် ကီလို မီတာ ၅ဝဝ မှ ၅၅ဝဝ အကြားသွား နိုင်သည့် မြေပြင်ပစ် ဒုံးကျည်များ ကို တားမြစ်ထားသော စာချုပ်ကို ချိုးဖောက်နေကြောင်း ပြောကြား ထားသည်။ နျူကလီးယား လက်နက်တပ် ဆင်နိုင်သော ရုရှားတို့၏ ခရုဇ်ဒုံး ကျည်များသည် ရွှေ့ပြောင်းနိုင်ပြီး ထောက်လှမ်းရန် ခက်ခဲကြောင်းနှင့် သတိပေးချက်မရှိဘဲ ဥရောပရှိမြို့ များကို တိုက်ခိုက်နိုင်ကြောင်း နေ တိုးက ပြောထားသည်။ 

Ref: CNA

#democracytoday

Rate this item
(0 votes)
back to top