HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မက္ကဆီကို နယ်စပ်ဆန္ဒပြသူ ၃၂ ဦးကို အမေရိကန် ဖမ်းဆီး

မက္ကဆီကို နယ်စပ်ဆန္ဒပြသူ ၃၂ ဦးကို အမေရိကန် ဖမ်းဆီး

စန်ဒီယာဂို၊ ဒီဇင်ဘာ ၁၁

မက္ကဆီကိုနှင့် အမေရိကန်နယ်စပ် စန်ဒီယာဂိုမြို့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြသော က္ခိတ်ကာအုပ်စုဝင် ဆန္ဒပြသူများအနက် ၃၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဒီဇင်ဘာ ၁၁ ရက်က သတင်းများအရသိရှိရသည်။ ဆန္ဒပြသူများသည် နယ်စပ်တံတိုင်းအနီးသို့ မကပ်ရန် အာဏာပိုင်များက သတိပေးသော်လည်း လိုက်နာခြင်းမရှိသူ ၃၁ ဦး အား နယ်စပ်တာဝန်ကျကင်းစခန်း များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု The American Friends Service Committee အဖွဲ့ထံမှ သတင်းများအရ သိရသည်။

နယ်စပ်မြို့ စန်ဒီယာဂိုတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူ ၃ဝဝ ကျော်ရှိခဲ့သည်ဟု နယ်စပ်လုံခြုံ ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အက်သူဒိုအော်လ်မို့စ်က ထုတ် ဖော်ပြောဆိုလိုက်သည်။ လွန်ခဲ့ သောလအတွင်းက နယ်စပ်ဖြတ် ကျော်ရွှေ့ပြောင်းခိုလှုံသူများသည် လှည်းတန်းကြီးများဖြင့် Tijuara  မြို့သို့ ရောက်ရှိခဲ့ကြသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုလိုက်သည်။


¤င်းတို့သည် နေ့စဉ်ပင် ခြံ စည်းရိုးအနီးသို့ရောက်ရှိလာကာ လုံခြုံရေးတာဝန်ကျသူများအား ရန်စခြင်း၊ ကျောက်ခဲများဖြင့် ပေါက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟုလည်း ဆက်လက်ပြောဆိုလိုက်သည်။ နိုဝင်ဘာ ၂၅ ရက်က လုံခြုံရေးတာဝန်ကျများနှင့် နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံခြုံရေးများက မျက်ရည်ယိုဗုံးများဖြင့်ပစ်ကာ လူစုခွဲခဲ့ရသည်။ 

Ref; AP

#democracytoday

Rate this item
(0 votes)
back to top