HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အိန္ဒိယမြို့တော် နယူးဒေလီတွင် မျောက်များ သောင်းကျန်းနေ

အိန္ဒိယမြို့တော် နယူးဒေလီတွင် မျောက်များ သောင်းကျန်းနေ

နယူးဒေလီ၊ ဒီဇင်ဘာ ၁၁

အိန္ဒိယအစိုးရသည်လာမည့် နှစ်တွင်ပြင်းထန်သော ရွေးကောက် ပွဲကို ကျင်းပရန်ရှိနေသော်လည်း နယူးဒေလီမြို့တော်တစ်ဝိုက်ရှိ ရုံး ဌာနများတွင် မျောက်တစ်အုပ် ၏ သောင်းကျန်းမှုကို ခံစားနေရ ကြောင်းသိရသည်။ မျက်နှာအနီ ရောင်ရှိသည့် မျောက်များသည် ဖျက်ဆီးမှုများ ပြုလုပ်ခြင်း၊ အစား အသောက်နှင့် မိုဘိုင်းတယ်လီဖုန်း များကိုလုယက်ခြင်း၊ အိမ်များ အတွင်းသို့ ဝင်ရောက်ခြင်းနှင့် လူများအား တိုက်ခိုက်ခြင်း တို့ကို လုပ်ဆောင်ခဲ့ကြသည်ဟုဆိုသည်။ ယင်းမျောက်များသည် ပါလီမန် နှင့် ဝန်ကြီးချုပ်ရုံး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးဝန်ကြီးရုံးများအပါ အဝင်အဓိကဝန်ကြီးဌာန အဆောက်အအုံတစ်ဝိုက်ရှိ ဒေသများကို စိုးမိုးထားပြီး အများပြည်သူနှင့် အစိုးရဝန်ထမ်းများကို ခြောက် လှန့်မှုများ ရှိနေသည်ဟုဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ရာဂီနီရှာမာက ''သူတို့က လူတွေဆီက အစားအသောက်တွေ လုယက်ပြီး ပြတင်းပေါက်တွေကနေ တစ်ဆင့် တွယ်တက်ပြီး ဖိုင်တွဲတွေနဲ့မှတ် တမ်းစာအုပ်တွေကို ဖျက်ဆီးနေ ကြပါတယ်''ဟု ပြောကြားခဲ့သည်။ ပါလီမန်၏ ဆောင်းရာသီအစည်း အဝေးအစတွင် မျောက်များကို စနောက်ခြင်းနှင့် မျက်လုံးဖြင့် တိုက်ရိုက်ကြည့်ရှုခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။ ထို့ပြင် သားသမီးရှိသည့် မျောက် မိခင်အနား မကပ်ရန်လည်းညွှန် ကြားထားသည်။


မြို့၏ တည်နေရာအကျယ် အဝန်းအလျင်အမြန် ကြီးထွားလာ သောကြောင့် တောရိုင်းတိရစ္ဆာန် များကို နေရာရွှေ့ပြောင်းသကဲ့သို့ ဖြစ်ခဲ့ရပြီး အစားအသောက်ရှာဖွေ ရန်လူသားတို့နှင့် နီးကပ်သည့် နေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်ဟုဆိုသည်။ ဟိန္ဒူဘာ သာဝင်အများစုရှိသည့် အိန္ဒိယနိုင်ငံသည် ဟာနုမန်နတ်ဘုရားနှင့် မျောက်တို့ ဆက်စပ်မှုရှိသည်ဟု ယုံကြည်ကြသည့်အတွက် ယင်း တိရစ္ဆာန်များကို အစာကျွေးမွေး ခြင်းပြုလုပ်ကြခြင်းနှင့် သတ်ဖြတ်မှု ကိုရှောင်ကြဉ်ကြသည်။ လူမှုအ သိုက်အဝန်းကိုအခြေပြုသည့်ဘာ သာရေးထုံးတမ်းကြောင့် အစာ ကျွေးမှုသည်ဆိုးရွားသောအစာ ကွင်းဆက်ကို ဖန်တီးသကဲ့သို့ဖြစ် ရကြောင်း သုတေသီများကထောက် ပြထားကြသည်။ 

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top