HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လာမည့်လတွင် မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးရန် နေရာကိစ္စကို ထရန့် ဆွေးနွေးနေ

လာမည့်လတွင် မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးရန် နေရာကိစ္စကို ထရန့် ဆွေးနွေးနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၇

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်နှင့် နောက်ထပ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန်အတွက် နေရာကို ညှိနှိုင်းဆွေးနွေး လျက်ရှိကြောင်း ပြောကြားလိုက်သည်ဟု AFP သတင်းက ဇန်န ဝါရီ ၇ ရက်တွင် ဖော်ပြလိုက်သည်။ အချိန်ကိစ္စကိုလည်း ညှိနှိုင်းမှုမပြု ရသေးဟုဆိုသည်။ ထရန့်သည် ကင်နှင့်သမိုင်း ဝင်ထိပ်သီးဆွေးနွေးပွဲကို စင်ကာ ပူနိုင်ငံတွင် ဇွန်လကပြုလုပ်ခဲ့သည်။ ယခုလအစောပိုင်းက ၎င်းသည် ကင်မှထရန့်ကို အရေးကြီးသော စာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် မည်သည့်အကြောင်းအရာများပါသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

ကမ့်ဒေးဗစ် သမ္မတအပန်း ဖြေစခန်းသို့သွားရန် ရဟတ်ယာဉ် ပေါ်သို့မတက်မီ ထရန့်ကသတင်း ထောက်များအား မိမိတို့ဆွေးနွေး မည့်နေရာကိစ္စကို ညှိနှိုင်းလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ ထရန့်က မေရီလင်းပြည်နယ်တွင် တရုတ်နှင့်လည်း ကုန်သွယ်ရေးကိစ္စကိုဆွေး နွေးနေသည်ဟု ပြောကြားခဲ့သည်။ ကင်နှင့် ထိပ်သီးဆွေးနွေးပွဲ ကိစ္စကို မိမိကမကြာမီကြေညာသွားမည်ဟုလည်း ထရန့်ကဆိုသည်။ သူတို့ကလည်း တွေ့ချင်တယ်။ ကျွန် တော်ကလည်း တွေ့ချင်တယ်။ နောက် ဘာဖြစ်လာမလဲ စောင့်ကြည်သွားရမယ်ဟု ထရန့်က ပြောလိုက်သည်။ ကင်၏နှစ်သစ်ကူးနေ့ မိန့်ခွန်းတွင် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ဆက်လုပ်နေပါက မိမိတို့က နျူကလီးယားဆွေးနွေးပွဲကို နည်းလမ်းပြောင်းလဲသွားရလိမ့်မည်ဟု သတိပေးပြောကြားပြီးနောက် ထရန့်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ ခြင်းဖြစ်သည်။


ထရန့်က ပိတ်ဆို့အရေးယူမှုကို အပြည့်အဝဆက်လုပ်သွားမည် ဟု တနင်္ဂနွေနေ့က ပြောခဲ့သည်။ အ မေရိကန်က အပြုသဘောရှုမြင်လာသည်အထိ ပိတ်ဆို့မှုကို ဆက်လက်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲတွင် ထရန့်နှင့်ကင်တို့ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းမဲ့ ရေးကို ရှေ့ဆက်လုပ်ဆောင်သွားရန် သဘောတူခဲ့ကြသော်လည်း သဘောတူညီချက်အနည်းငယ်မျှသာ ရရှိသေးသည်ဟုဆိုသည်။ အမေရိကန်က ပိတ်ဆို့မှုမ ရုပ်သိမ်းမီ မြောက်ကိုရီးယားက နျူကလီးယားလက်နက်များ ဖယ် ရှားပေးရမည်ဟု တောင်းဆိုခဲ့သည်။


မြောက်ကိုရီးယားကို နှစ် ၇ဝ ကြာ အုပ်စိုးလာသည့် ကင်မိသားစုသည် စီးပွားရေးအမြန်တိုးတက်လိုပြီး ၁၉၅ဝ -၅၃ ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသတ်လိုနေသည်။ မြောက်ကိုရီးယားသည် ၂ဝ၁၆ တွင် နျူကလီးယားစမ်းသပ်မှု ခြောက် ကြိမ်နှင့် တာဝေးပစ်ဒုံးပျံများစမ်း သပ်မှုကို လုပ်ဆောင်ခဲ့ပြီး ယခုအခါ စမ်းသပ်မှုမပြုလုပ်သည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ 

Ref:AFP

#democracytoday

Rate this item
(0 votes)
back to top