HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆော်ဒီနိုင်ငံသူ အိမ်ပြေးမလေးကို ထိုင်းအစိုးရက ပြန်လည်ပြည်နှင်ခြင်းမပြုရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

ဆော်ဒီနိုင်ငံသူ အိမ်ပြေးမလေးကို ထိုင်းအစိုးရက ပြန်လည်ပြည်နှင်ခြင်းမပြုရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

ဘန်ကောက်၊ ဒူဘိုင်း၊ ဇန်နဝါရီ ၇

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ကြီးတစ်ဖွဲ့က မိသားစုထံမှထွက်ပြေးလာသူ အသက် (၁၈)နှစ်အရွယ် ဆော်ဒီအာရေဗီးယားနိုင်ငံသူ Qunun  အား ထိုင်းလေဆိပ်၌ပင် ဖမ်းထားပြီး မိခင်နိုင်ငံရင်းဖြစ်သည့် ဆော်ဒီအာရေဗီးယားသို့ ပြည်နှင်ဒဏ်ပေး ပြန်လည်မပို့ဆောင်ရန် ထိုင်း အာဏာပိုင်များသို့ ဇန်နဝါရီ ၇ ရက်က မေတ္တာရပ်ခံတိုက်တွန်းလိုက်သည်။ မိဘများ၏ အရိုက်အနှက်ကြမ်းတမ်းမှုကြောင့် ထွက်ပြေးလာခဲ့သူ သူမသည် ဆော်ဒီမိဘများထံသို့ ပြန်လည်ရောက်ရှိသွားပါက အရိုက်အနှက် ကြိမ်းမောင်းဆူပူမှု လွန်ကဲသူမိဘများကြောင့် သေသည်အထိ အရိုက်အနှက်ခံရဖွယ်ရှိသည်ဟုလည်း နယူးယောက်အ ခြေခံလူ့အခွင့်အရေးအဖွဲ့ခွဲ၊ ဘန် ကောက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

Rahaf Mohammed al-Qunun အမည်ရှိ ဆော်ဒီအာ ရေဗီးယားနိုင်ငံသူလေး၏မိသားစု ပင်လယ်ကွေ့နိုင်ငံသို့ လာရောက်လည်ပတ်စဉ် ကူဝိတ်မှတစ်ဆင့် မိမိထွက်ပြေးလာ ခြင်းဖြစ်ကြောင်း၊ ထိုင်းမှတစ်ဆင့် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ နိုင်ငံရေးခို လှုံခွင့် လျှောက်ထားရန် မိမိရည် ရွယ်ထားကြောင်း၊ သို့သော် ဘန် ကောက်လေဆိပ်တွင် မိမိအားအာဏာပိုင်များက ဖမ်းဆီးချုပ် နှောင်ထားကြောင်း၊ ကူဝိတ်သို့ မိမိအား ပြန်ပို့မည်ဟု သိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သူမအား ကူဝိတ်နိုင်ငံသို့ နံနက် ၁၁ နာရီ ၁၅ မိနစ်ထွက်မည့် ကူဝိတ် လေကြောင်း ခရီးစဉ်အမှတ်(၄၁၂) ဖြင့် ပြန်လည်ပို့ဆောင်မည်ဟု လေ ဆိပ်အာဏာပိုင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။


''ကျွန်မအစ်ကိုတွေနဲ့ မိသားစုဟာ ကူဝိတ်ဆော်ဒီသံရုံးကနေ စောင့်နေကြပါတယ်။ ကျွန်မကို ပြန်တွေ့ရင် သတ်ကြလိမ့်မယ်။ သူတို့ကို ဒုက္ခပေးတာမို့ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်''ဟု သူမကရိုက်တာသတင်းဌာနသို့ ဘန်ကောက်မှတစ်ဆင့် အသံဖိုင် ပေးပို့ကာ ပြောကြားခဲ့သည်။ ထိုင်း လူဝင်မှုကြီးကြပ်ရေး ဌာနကမူ မိမိတို့သည် အကောင်းဆုံးဖြစ်စေရန် ဆော်ဒီအာရေဗီးယား အစိုးရနှင့် ညှိနှိုင်းနေကြောင်း၊ သူမသည် ဗီဇာကဲ့သို့ စာရွက်စာတမ်း အထောက်အထားမပြည့်စုံသော ကြောင့် ထိုင်းနိုင်ငံတွင်း ဝင်ခွင့်မပြု နိုင်ကြောင်း ထုတ်ဖော်ပြောလိုက်သည်။


ဘန်ကောက်ရှိ ဆော်ဒီအာ ရေဗီးယားသံရုံးကမူ ယင်းသတင်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာ မပေးခဲ့ချေ။ နယူးယောက်အခြေစိုက် လူ့ အခွင့်အရေးအဖွဲ့ကြီးက သူမသည် အန္တရာယ်ကြုံတွေ့နေရသူ အရွယ် ရောက်သူတစ်ဦးဖြစ်နေ၍ သူမအား မိခင်နိုင်ငံသို့ ပြန်မပို့သင့်ဟု ပြောဆိုထားသည်။ ''ထိုင်းအာဏာပိုင်တွေအနေနဲ့ သူမကို ပြည်နှင်ဒဏ်ပေးမယ့် အမိန့်ကို မထုတ်ပြန်ပါနဲ့။ သူမရည် ရွယ်ချက်အတိုင်း သြစတြေးလျသွားချင်ရင် သွားပါစေ၊ ထိုင်းမှာ နေချင်လည်း နေပါစေ''ဟု အဖွဲ့၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဒါရိုက်တာ မိုက်ကယ်ပေ့(ဂ်ျ)က ဇန်နဝါရီ ၇ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ Qunun က သူမတွင် သြစတြေးလျ သို့ ဝင်ရောက်ရန် ဗီဇာရှိပြီး လေယာဉ်လက်မှတ် စီစဉ်ထားပြီးဖြစ် ကြောင်း၊ ထိုင်းသို့ ဆေးစစ်ကုသနိုင်ရန် ရက်အနည်းငယ်ခေတ္တဝင် ခြင်းသာဖြစ်ကြောင်း၊ ကူဝိတ်သို့ မပြန်လိုကြောင်း ပြောဆိုသည်။


ဘန်ကောက်လေဆိပ်အ ရောက်တွင် သူမထံသို့ လူတစ်ဦးချဉ်းကပ်လာပြီး ထိုင်းဗီဇာပြုလုပ် ပေးမည်ဆိုကာ မိမိ၏နိုင်ငံကူး လက်မှတ်ကို တောင်းယူသွားကြောင်း၊ လေဆိပ်လုံခြုံရေးတစ်ဦးဖြင့် သူပြန်လာပြီး မိဘများက ထိုင်းဗီဇာကိစ္စ ကန့်ကွက်သောကြောင့် လုပ်မပေး နိုင်ကြောင်း၊ ကူဝိတ်သို့ပြန်ရန် လာ ရောက်ပြောကြားသွားကြောင်း၊ သူ ပြောပုံအရ မိဘများ ကူဝိတ်တွင်စောင့် နေပုံရကြောင်း ပြောကြားခဲ့သည်။ ကူဝိတ်လေကြောင်းကမူ ယင်းကိစ္စများကို မိမိတို့မသိရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။


Qunun  ထိုင်းလေဆိပ်ရောက် ပြီးနောက် ဆော်ဒီအာရေဗီးယားသံရုံး၊ ထိုင်းနိုင်ငံခြားရေးရုံးများနှင့် အဆက်အသွယ်မရကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနအကြီးအကဲဖြစ်သူ ဆူရာချတ်ဟတ်ပန်က ပြောဆို လိုက်သည်။ Qunun သည် လေယာဉ်အပြန်လက်မှတ်မပါရှိကြောင်း၊ ဟိုတယ်တစ်ခုခုနှင့်လည်း ဆက်သွယ်စာရင်းပေးထားခြင်းမရှိ ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။ ''သူမအနေနဲ့ ဆော်ဒီအိမ်ကနေထွက်ပြေးလာတယ်။ ထိုင်းရောက်လာတယ်။ ဒါပေမဲ့ လိုအပ်တဲ့ပြည် ဝင်ခွင့်စာရွက်စာတမ်းတွေက ပါမလာဘူး။ ဒီတော့ လူဝင်မှုဌာနအ နေနဲ့ကတော့ ဝင်ခွင့်မပေးနိုင်ဘူး'' ဟု ဆက်လက်ပြောကြားလိုက်သည်။ 

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top