HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန် ညှိနှိုင်းရေးမှူးများ ကုန်သွယ်ရေး စစ်ပွဲဆွေးနွေးရန် ပေကျင်းသို့ ရောက်ရှိ  

အမေရိကန် ညှိနှိုင်းရေးမှူးများ ကုန်သွယ်ရေး စစ်ပွဲဆွေးနွေးရန် ပေကျင်းသို့ ရောက်ရှိ   

ပေကျင်း၊ ဇန်နဝါရီ ၇

အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၇ ရက်က ပေကျင်းသို့ ရောက်ရှိခဲ့ကာ တရုတ်ကုန်သွယ်ရေးကိုယ် စားလှယ်များနှင့် နှစ်နိုင်ငံဖြစ်ပွား နေသည့် ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ရန် နည်းလမ်းရှာဖွေသွားကြ မည်ဖြစ်သည်။ ဤစစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေး ကမောက်က မဖြစ်မည်ကို စိုးရိမ်လျက်ရှိနေကြသည်။ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့အား ကုန်သွယ် ရေးကိုယ်စားလှယ် ဒုတိယခေါင်း ဆောင်ဂျက်ဖာရီဂါရစ်ရှ်က ဦး ဆောင်ပြီး သတင်းထောက်များအား ဘာမှမပြောဘဲ ပေကျင်းဟို တယ်မှ ထွက်ခွာလာခဲ့သည်ဟုဆို သည်။

သမ္မတဒေါ်နယ်ထရန့်က ယခင်အပတ်၌ ပြောကြားသည်မှာ လများစွာကြာနေပြီဖြစ်သည့် ကုန်သွယ်ရေးပဋိပက္ခအတွက် သ ဘောတူညီချက်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။ ဤပဋိပက္ခမှာ နှစ်ဖက်စလုံးက သွင်းကုန်များအပေါ်တွင် ဒေါ်လာဘီလီယံ ၃ဝဝ စီ သွင်းကုန်ခွန်များတိုးမြှင့်ကောက်ခံခဲ့ကြ ခြင်းဖြစ်သည်။ ''ကျွန်တော်တို့ တရုတ်နဲ့ သ ဘောတူညီချက်ရမယ်လို့ မျှော်လင့်ပါတယ်''ဟု သောကြာနေ့တွင် ထရန့်ကပြောကြားလိုက်သည်။ မိမိတို့ တရုတ်နှင့်ကုန်သွယ် ရေးဆွေးနွေးပွဲများစွာပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ မိမိကဲ့သို့ တရုတ် သမ္မတရှီလည်း ဤကိစ္စတွင် ပါဝင် ဆောင်ရွက်နေကြောင်း၊ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်များတွေ့ဆုံနေကြ ပြီး အလွန်ကောင်းတဲ့အနေအထားကို သွားနေကြောင်း ထရန့်ကပြော ကြားလိုက်သည်။


တရုတ်သို့ရောက်နေသည့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တွင် ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေးဌာန၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်ကြသည်ဟု သိရသည်။ ဤဆွေးနွေးပွဲမှာ ထရန့်နှင့် ရှီတို့ လွန်ခဲ့သောလက ကုန်သွယ် ရေးစစ်ပွဲကို သုံးလရပ်နားထားရန် နှင့် ဆွေးနွေးခြင်းဖြင့် သွင်းကုန်ခွန်တိုးမြှင့်မှုကို ဖယ်ရှားရန် သ ဘောတူခဲ့ကြသည်။ ဤကုန်သွယ် ရေးစစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက်ကို ကမောက်ကမဖြစ်စေခဲ့သည်။ အမေရိကန်နှင့်ကုန်သွယ် ရေးစစ်ပွဲကြောင့် တရုတ်၏ ပြည်တွင်းကုန်ထုတ်ကုန်နှေးကွေးသွား ခဲ့ရသည်။ အစိုးရက ၂ဝ၁၈ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၆ ဒသ မ ၅ ရာခိုင်နှုန်းသာရှိပြီး ၂ဝ၁၇ ခုနှစ်က ၆ ဒသမ ၉ ရာခိုင်နှုန်းတိုး ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အ ကြောင်းအမျိုးမျိုးကြောင့်ဖြစ်ရ သည်ဟုဆိုသည်။

Bangkok Post

#democracytoday

Rate this item
(0 votes)
back to top