HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဟောင်ကောင် ရေပိုင်နက်တွင် ဆီတင်သင်္ဘောတစ်စင်း မီးလောင်၊ တစ်ဦးသေဆုံး

ဟောင်ကောင် ရေပိုင်နက်တွင် ဆီတင်သင်္ဘောတစ်စင်း မီးလောင်၊ တစ်ဦးသေဆုံး

ဟောင်ကောင်၊ ဇန်နဝါရီ ၈

ဟောင်ကောင်တောင်ပိုင်း ရေပိုင်နက်တွင် ဆီတင်သင်္ဘောတစ်စင်း ဇန်နဝါရီ ၈ ရက်၌ မီးလောင်ကျွမ်း ခဲ့ပြီး သင်္ဘောသားတစ်ဦးသေဆုံးခဲ့ကာ အနည်းဆုံး ၂၁ ဦးကို ကယ်ဆယ်ထားလိုက်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ သင်္ဘောပေါ် မှ ကျယ်လောင်သောပေါက်ကွဲမှုကြောင့် ကီလိုမီတာများစွာအဝေးမှ ပြတင်းပေါက်များအထိ ရိုက်ခတ်မှုရှိ ခဲ့ကြောင်း သိရသည်။ လမ်မာကျွန်းတောင်ပိုင်း ရေမိုင်တစ်မိုင်အကွာမှ ယင်းသင်္ဘောထံသို့ ကယ်ဆယ်ရေး အဖွဲ့များ သွားရောက်နေပြီဟု ဆိုသည်။

ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသမီးက ''မကယ် ဆယ်နိုင်သေးတဲ့ သင်္ဘောသားအချို့ လည်း ရှိနေပါသေးတယ်။ ဆီတင်သင်္ဘောရဲ့ နာမည်နဲ့ အရွယ်အစားအပါအဝင် အသေးစိတ် အချက်အလက် တွေကိုတော့ အခုချက်ချင်း မပြောနိုင်သေးပါဘူး''ဟု ပြောကြားခဲ့သည်။ သင်္ဘောကိုယ်ထည်ပေါ်မှ အနက်ရောင်မီးခိုးလုံး များ ထွက်ပေါ်နေသော ကမ်းရိုးတန်းသွားဆီတင်သင်္ဘော တစ်စင်း၏ပုံကို ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့သည်။ သင်္ဘောကိုယ်ထည်ပေါ်တွင် Aulac Fortune ဟူသောနာမည်ကို မြင်တွေ့ရသည်။ ယင်းဆီတင်သင်္ဘောတွင် ဗီယက်နမ်အလံ လွှင့်ထူ ထားပြီး ၂ဝ၁ဝ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အလေး ချိန် တန် ၁၇၅ဝဝ ရှိသည့် ဆီတင်သင်္ဘောဖြစ်ကြောင်း ရေကြောင်းသွားလာမှု အချက်အလက်များအရ သိရ သည်။


သင်္ဘောခြေရာခံ အချက်အလက်များ၏ ဖော်ပြချက်အရ စင်ကာပူနိုင်ငံတွင် ရေနံဆီ လီတာ ၆ဝဝဝ ကို တင်ဆောင်ခဲ့ပြီး ကွမ်ကျိုးနှင့် ဟောင်ကောင်သို့ ပို့ဆောင်ရန် လာရောက်ခြင်းဖြစ် သည်ဟုသိရသည်။ ကွမ်ကျိုးသို့ ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်တို့ တွင် ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။  Aulac Fortune သင်္ဘောသည် လမ်မာကျွန်းတောင်ပိုင်း သို့ အချိန်နှောင်းမှ ရောက်လာခဲ့ပြီး ဇန်နဝါရီ ၈ ရက် စင်ကာပူ စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ယင်းရောက်ရှိနေသည့် နေရာကို အချက်ပြခဲ့သည်။ အနီးအနားရှိ လန်တာအူကျွန်းမှ ဒေသခံများက တံခါး များနှင့် ပြတင်းပေါက်များကို လှုပ်ခါသွားစေသည့် ပေါက်ကွဲမှု ကြီးအသံကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ဒေသခံများ ၏ အဆိုအရ ငလျင်လှုပ်သည်ဟု ထင်မှတ်ခဲ့ကြပြီး အိမ်အပြင် ဘက်သို့ ထွက်လာခဲ့ကြသည်ဟုဆိုသည်။

Ref: straitstimes

#democracytoday

Rate this item
(0 votes)
back to top