HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင် ရာထူးမှ နုတ်ထွက်တော့မည်

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင် ရာထူးမှ နုတ်ထွက်တော့မည်

ဝါရှင်တန်၊ ဇန်နဝါရီ ၈ 

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်သည် ရှေ့လတွင် ရာထူးမှနုတ် ထွက်တော့မည်ဟု ဇန်နဝါရီ ၈ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။  အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် အဖွဲ့ဝင် ၁၈၉ ဦး ပါ ဝင်သော ကမ္ဘာ့ဘဏ် ကြီးကြပ်ရေး အဖွဲ့ဝင်များအပေါ် လွှမ်းမိုးသြဇာ ပေးမှုများ ရှိနေသောကြောင့် ယခု ကဲ့သို့ နုတ်ထွက်ရခြင်း ဖြစ်နိုင်သည် ဟု လေ့လာသူများက မှတ်ချက်ချ ပြောဆိုခဲ့ကြသည်။ ''ဒီလို နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတစ်ရပ်မှာ တာဝန် ထမ်းဆောင်ရတာကို ဂုဏ်ယူပါ တယ်''ဟု အသက် (၅၉)နှစ်ရှိ ကင် က သူ၏ကြေညာချက်တွင် ဖော်ပြ ခဲ့သည်။

ကင်သည် ၂ဝ၁၂ ခုနှစ်ကပင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်သည်။ ယခု ရာထူးမှထွက်ပြီး နောက် ကင်သည် နာမည်ဖော်ပြမ ထားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ကြီးတစ်ခုတွင် ဝင်ရောက်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် အမှု ဆောင်အရာရှိချုပ် ခရစ္စတီးနားဂျော် ဂျီဗာက ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယာယီ တာဝန်ထမ်းဆောင် မည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ကင်က ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ဆင်းရဲခြင်း တိုက်ဖျက်နိုင်ရန် ရည် မှန်းချက်ချ မှတ်ထားသည်။ ကင်၏ လက်ထက်တွင် ကမ္ဘာ့ဘဏ်ငွေကြေး သည် အမေရိကန်ဒေါ်လာ ၁၃ ဘီ လီယံ တိုးပွား ပိုင်ဆိုင်မှုရှိခဲ့သည်။


''အခုလို ရာထူးကနေ နုတ် ထွက်ရခြင်းဟာ ကျွန်တော့်အနေနဲ့ ဘဝတစ်ချိုးတစ်ကွေ့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်လို့ နုတ်ထွက် တာပါ။ နိုင်ငံတကာ ပုဂ္ဂလိကကဏ္ဍ တိုးတက်အောင်မြင်ပြီး လူတွေဆင်း ရဲခြင်းဘေးက ကင်းဝေးအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်''ဟု ကင်က ထုတ်ဖော်ပြောဆိုလိုက် သည်။ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ဝင်များ က ကင် တာဝန်ထမ်းဆောင်ခဲ့စဉ် အတွင်း ကမ္ဘာ့ဘဏ် တိုးတက်မှုများ ရှိခြင်းအတွက်နှင့် ကင်၏ဦးဆောင် မှုအား ချီးကျူး ပြောဆိုခဲ့ကြသည်။


နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေး မှူးဖြစ်သူ ခရစ္စတင်းလာဂတ်ကလည်း ကင်၏ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုအ ပေါ် လေးနက်စွာ ဂုဏ်ပြုချီးကျူးပါ ကြောင်း တွစ်တာတွင် ရေးသားဖော် ပြလိုက်သည်။ တရားဝင် ဖော်ပြထားခြင်း မရှိသော်လည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဖြစ်သူအား အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ဘဏ်၌ ရှယ်ယာအများဆုံး ထည့်ဝင်ထားသူများက ရွေးချယ် ခန့်ရမည်ဖြစ်ပြီး နိုင်ငံတကာ ငွေ ကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန် ကြားရေးမှူးဖြစ်သူက ထောက်ခံရ မည်ဖြစ်သည်။

Ref: AFP

#democracytoday

Rate this item
(0 votes)
back to top