HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အိမ်ပြေး ဆော်ဒီအာရေဗီးယား အမျိုးသမီး ထိုင်းသို့ ဝင်ခွင့်ရပြီ  

အိမ်ပြေး ဆော်ဒီအာရေဗီးယား အမျိုးသမီး ထိုင်းသို့ ဝင်ခွင့်ရပြီ   

ဘန်ကောက်၊ ဇန်နဝါရီ ၈ 

သြစတြေးလျနိုင်ငံသို့ ခိုလှုံရန် ထိုင်းသို့ရောက်ရှိခဲ့သူ ဆော်ဒီအာ ရေဗီးယားအမျိုးသမီး အသက်(၁၈) နှစ်ရှိ ရာဟက်ဖ်မိုဟာမက် အယ်လ်ကူနမ်သည် စာရွက်စာတမ်း မပြည့်စုံမှုကြောင့် ဖမ်းဆီးခံခဲ့ရကာ ပြည်နှင်ဒဏ်ပေးရန် စီစဉ်နေခဲ့သည်။ သို့သော် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မေတ္တာရပ်ခံချက်အရ သူမအား ထိုင်းနိုင်ငံ၌ ငါးရက် (သို့မဟုတ်) ခုနစ်ရက် ခေတ္တနေထိုင်ခွင့်ပြုခဲ့သည် ဟု ဒုတိယရဲဗိုလ်ချုပ်ကြီး ဆူရာချတ် ဟတ်မင်က ဘန်ကောက်ရှိ လေဆိပ်ဟိုတယ်တွင် သတင်းထောက်များသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းသည် ကုလသမဂ္ဂမဟာ မင်းကြီးရုံးမှ အရာရှိများနှင့်လည်း တွေ့ဆုံခွင့်ရမည် ဖြစ်သည်။ သူမ၏ ဖခင်သည် ဆော်ဒီအာရေဗီးယား နိုင်ငံမှတစ်ဆင့် ဘန်ကောက်သို့ ဇန်နဝါရီ ၇ ရက်က ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း နှစ်ဦး မတွေ့ဆုံဖြစ် ကြသေးဟုလည်းသိရှိရသည်။ လူ လိမ်တစ်ဦးက ရယူသွားသော သူမ၏ နိုင်ငံကူးလက်မှတ်လည်း ပြန် လည်ရရှိခဲ့ပြီဟု သိရှိရသည်။


ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် ထိုင်း လေဆိပ်တွင် ဒုက္ခရောက်နေသူ ဆော်ဒီအာရေဗီးယားနိုင်ငံသူ အမျိုးသမီးကလေး၏ လတ်တလော နေရေး၊ ထိုင်ရေးကိစ္စအား ဖြေရှင်း ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏ အကြံ ပြုချက်အရ ၎င်း၏လုံခြုံရေးအတွက် အဘက်ဘက်မှ စိတ်ချရစေရန် ရဲအချုပ်ခန်းအတွင်း၌ပင် နေစေပြီး ၎င်း၏ဆန္ဒနှင့် ဆန့်ကျင်၍ မိခင် နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးရန် မရှိ ကြောင်းလည်း ဆက်ပြောသည်။

Ref: Bangkok Post

#democracytoday

Rate this item
(0 votes)
back to top