HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆော်ဒီ အိမ်ပြေးမလေးကိစ္စ သြစတြေးလျအစိုးရက သတိကြီးစွာထား၍ ဆောင်ရွက်သွားမည်

ဆော်ဒီ အိမ်ပြေးမလေးကိစ္စ သြစတြေးလျအစိုးရက သတိကြီးစွာထား၍ ဆောင်ရွက်သွားမည်

ဆစ်ဒနီ၊ ဇန်နဝါရီ ၉ 

အသက် (၁၈)နှစ်အရွယ် ဆော်ဒီအာရေဗီးယားနိုင်ငံသူ အိမ် ပြေးမလေး၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည့်ကိစ္စရပ်အား သြစ တြေးလျအစိုးရအနေဖြင့် သတိကြီး စွာထား၍ ဆောင်ရွက်သွားမည်ဟု သြစတြေးလျ ပြည်ထဲရေးဝန်ကြီး ဌာနက ဇန်နဝါရီ ၉ ရက်တွင်သတင်း ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်သည်။ သူမသည် လောလော ဆယ်တွင် ထိုင်းနိုင်ငံ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ကူညီထောက်ခံချက်ဖြင့် ထိုင်း ၌ရောက်ရှိနေမည်ဖြစ်သည်။

ဆော်ဒီအာရေဗီးယားနိုင်ငံသူ ရာဟက်ဖ်မိုဟာမက်အယ်လ်ကူနမ် သည် မိဘများဆူပူကြိမ်းမောင်းရိုက် နှက်မှုကြောင့် သြစတြေးလျနိုင်ငံ တွင် ခိုလှုံနေထိုင်ခွင့် တောင်းခံရန် အတွက် ထွက်ခွာလာရင်း ထိုင်း နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း နိုင်ငံဝင်ခွင့် စာရွက်စာတမ်းများ မပြည့်စုံမှု ကြောင့် ထိုင်းအာဏာပိုင်များက ပြည်ဝင်ခွင့်ငြင်းပယ်ကာ ပြည်နှင် ဒဏ်ပေးရန် စီစဉ်နေဆဲ ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး၏ ကြားဝင်ဆောင်ရွက် ချက်ဖြင့် ထိုင်းနိုင်ငံတွင်းဝင်ခွင့်ရ ရှိခဲ့ရသည်။


သြစတြေးလျအာဏာပိုင်များ သည် သူမ၏သြစတြေးလျနိုင်ငံသို့ ဝင်ရောက်လာမည့်အရေးကို ကြို တင်သုံးသပ်နေဆဲဖြစ်သည်။ သူမ နိုင်ငံတွင်းဝင်ရောက်ခြင်းအား လက်ခံခြင်း၊ ငြင်းပယ်ခြင်းမပြုနိုင် သော်လည်း လက်ခံမည့် အနေအ ထား ပိုမိုရှိနေသည်ဟုလည်း ဇန် နဝါရီ ၉ ရက်သတင်းများအရ သိ ရှိရသည်။ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Giuseppe De Vincentiis သည် ဇန် နဝါရီ ၇ ရက်ညပိုင်းက ကူနမ်နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟုလည်း သိရှိရသည်။ မဟာမင်းကြီးရုံးက ဇန်နဝါရီ ၈ ရက်တွင် သတင်း ထုတ်ပြန်ရာတွင် သူမသည်နိုင်ငံ တကာ အကူအညီလိုအပ်နေသူ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။

 

ထိုင်းလူဝင်မှုကြီး ကြပ်ရေးဗျူရိုမှ အကြီးအကဲဖြစ်သူ ဆူရာချတ်ဟက်ပန်သည် ထိုင်းနိုင်ငံ ဆိုင်ရာ ဆော်ဒီအာရေဗီးယားသံ ရုံး၌ ကောင်စစ်ဝန်ချုပ်အဗ္ဗဒဲလာ မိုဟာမက်အေအရှာဘိုင်နှင့် သွား ရောက်တွေ့ဆုံကာ သူမကိစ္စအား ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ဆော်ဒီအာရေဗီးယားသံရုံး ဖွင့်လှစ် ထားသော်လည်း သံအမတ်ခန့်အပ် ထားခြင်းမရှိဘဲကောင်စစ်ဝန်ချုပ် ကသာ အုပ်ချုပ်နေသည်။ ကူနမ်၏ အရေးကိစ္စအား ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂမဟာမင်းကြီး ရုံးနှင့် ဆော်ဒီအာရေဗီးယားသံရုံး တို့က ကူညီစောင့်ရှောက်မှုများ ပြု လုပ်ထားသည်ဟု ထိုင်းလူဝင်မှုအ ရာရှိချုပ် ဆူရာချတ်ဟက်ပန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

Ref: Bangkok Post

#democracytoday

Rate this item
(0 votes)
back to top