HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နိုင်ငံနာမည်ပြောင်းလဲရေး မက်စီဒိုးနီးယားတွင် လွှတ်တော် အမတ်များ မဲပေး

နိုင်ငံနာမည်ပြောင်းလဲရေး မက်စီဒိုးနီးယားတွင် လွှတ်တော် အမတ်များ မဲပေး

စကိုဂျယ်၊ ဇန်နဝါရီ ၉

ဂရိနိုင်ငံနှင့် ဆယ်စုနှစ်ပေါင်း များစွာ အငြင်းပွားနေခဲ့သည့် ကိစ္စကိုဖြေရှင်းရန် နေတိုးနှင့် အီးယူအဖွဲ့ဝင်အဖြစ် လမ်းပွင့် လာစေရန် နိုင်ငံ၏နာမည်ကို ပြောင်းလဲနိုင်ရေး မဲပေးရန် ဇန်န ဝါရီ ၉ ရက်တွင်မက်စီဒိုးနီးယား လွှတ်တော်အမတ်များ စုရုံးခဲ့ကြ ကြောင်းသိရသည်။ ''မြောက်ပိုင်း မက်စီဒိုးနီးယားသမ္မတနိုင်ငံ''ဟု အမည်ပြောင်းလဲမှုသည် ဖွဲ့စည်း ပုံပြင်ဆင်ချက်လေးခုနှင့် အဖွဲ့ ဝင် ၁၂ဝ ရှိသောပါလီမန်အဖွဲ့ဝင် သုံးပုံနှစ်ပုံ၏ထောက်ခံချက်လည်း လိုအပ်နေသည့် လုပ်ငန်းလည်း ဖြစ်သည်။

ဆိုရှယ်ဒီမိုကရက်တို့ ဦး ဆောင်သည့်အာဏာရ ညွန့်ပေါင်း အဖွဲ့ထံတွင် ယင်းအမတ်ပမာဏ ရရှိထားခြင်းမရှိပေ။ အကယ်၍ နာမည်ပြောင်းလဲမှု အဆင်ပြေ သွားမည်ဆိုပါက ဂရိနိုင်ငံက နေတိုးနှင့်အီးယူသို့ ဝင်ရောက်ရန်ကြိုး ပမ်းနေသည့် မက်စီဒိုးနီးယားအ ပေါ်ချမှတ်ထားသည့် ဗီတိုကိုဖယ် ရှားပေးမည်ဟု ကတိပြုထား သည်။ မက်စီဒိုးနီးယားနိုင်ငံသည် ၁၉၉၁ခုနှစ်တွင် ယခင်ယူဂိုဆလားဗီးယားမှ ခွဲထွက်လာခဲ့ပြီးချိန်ကတည်းက ယင်းလမ်းကြောင်းကို ဂရိကတားမြစ်ခဲ့ခြင်းဖြစ်ပြီး မက်စီဒိုးနီးယားဆိုသော အမည်သည် ၎င်းတို့၏မြောက်ပိုင်းရှိပြည် နယ်တစ်ခု၏ နာမည်နှင့်ဆင်တူ နေကြောင်းတစိုက်မတ်မတ်ပြော ဆိုလာခဲ့သည်။


သို့သော် မက်စီဒိုးနီးယား အမျိုးသားရေးဝါဒီများက ဂရိ၏ဖိအားကို အရှုံးပေးမှုအနေဖြင့် နာမည်ပြောင်းလဲမှုကို ရှုတ်ချ နေကြပြီးဇန်နဝါရီ ၉ ရက်တွင် လည်းစုရုံးဆန္ဒပြမှုကို ပြုလုပ်ခဲ့ သည်။ ပြီးခဲ့သည့်နှစ်စက်တင်ဘာ လတွင်ပြုလုပ်ခဲ့သည့် မက်စီဒိုး နီးယားနိုင်ငံ၏ ပြည်သူ့ဆန္ဒခံယူ ပွဲတွင်မဲပေးသူ ၉ဝ ရာခိုင်နှုန်းက နာမည်ပြောင်းလဲရန် ထောက်ခံ ခဲ့ပြီး ဝေဖန်သူများ၏အဆိုအရ ယင်းရလဒ်များသည် မဲဆန္ဒရှင် သုံးပုံနှစ်ပုံကျော်မဲလာပေးခဲ့ခြင်းမရှိခဲ့သောကြောင့် အကျုံးမဝင် ဟုဆိုကာပယ်ချထားသည်။

Ref:AFP/CNA

#democracytoday

Rate this item
(0 votes)
back to top