HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်တွင် အစိုးရယန္တရားကို တစ်စိတ်တစ်ပိုင်း ရပ်နားထားရမှုကြောင့် နေ့စဉ်အစားအသောက် စစ်ဆေးသည့်စနစ် ရပ်ဆိုင်းနေ

အမေရိကန်တွင် အစိုးရယန္တရားကို  တစ်စိတ်တစ်ပိုင်း ရပ်နားထားရမှုကြောင့် နေ့စဉ်အစားအသောက် စစ်ဆေးသည့်စနစ် ရပ်ဆိုင်းနေ

နယူးယောက်၊ ဇန်နဝါရီ ၁ဝ

အမေရိကန်နိုင်ငံတွင် အစိုးရယန္တရားကို တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားလိုက်ရမှုကြောင့် နေ့စဉ်အစားအသောက်စစ်ဆေးသည့် စနစ်မှာရပ်တန့်နေသော်လည်း လာမည့်သီတင်းပတ်တွင် အန္တရာယ်ရှိ အစားအသောက်များစစ်ဆေးမှုကို ပြန်လည်စတင် တော့မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့က ဇန်နဝါရီ ၁ဝ ရက်တွင် ပြောကြားခဲ့သည်။  အေဂျင်စီက ချိစ်၊ မွေးကင်းစကလေးဖြည့်စွက်စာနှင့် အခြား ထုတ်လုပ်ရေးအစားအစာများကဲ့သို့သော အန္တရာယ်ရှိသည့် အစားအစာများကိုစစ်ဆေးရန် အလုပ်သမား ၁၅ဝ ခန့် ပြန်လည် ခေါ်ယူမည်ဟု အေဂျင်စီကဆိုသည်။

FDA  ကော်မရှင်နာမင်းကြီး စကော့ဂေါ့တ်လစ်က အေဂျင်စီသည် အစိုးရယန္တရားရပ်ဆိုင်းနေချိန်အတွင်း Nabisco မုန့်ကြွပ် စက်ရုံသို့ ပုံမှန်စစ်ဆေးမှုကို လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ပြော ကြားခဲ့သည်။ FDA က အသားနှင့် ကြက်သားများကို စစ်ဆေး မည်မဟုတ်ဘဲ အခြားစစ်ဆေးမှုများကိုသာ ဆက်လက်လုပ်ဆောင်မည်ဟုသိရသည်။


ဂေါ့တ်လစ်က FDA စစ်ဆေးမှုများကို ယခင်ပိတ်ရက်များမှ စတင်ကာ ယခုသီတင်းပတ်တွင် ပထမဆုံး ပြန်လည်စတင်မည် ဖြစ်ပြီး လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် အန္တရာယ်ကြီးမားသော အစားအစာများအပေါ် စစ်ဆေးမှုများတွင် အားနည်းချက်ရှိလိမ့်မည် မဟုတ်ဟုဆိုသည်။ ၎င်းက ယင်းစစ်ဆေးမှုများကို ရက်သတ္တပတ် ပေါင်းများစွာ ရပ်ဆိုင်းထားလိုက်ရမည်ဆိုပါက စိုးရိမ်မှုများ ပိုမိုကြီး ထွားလာမည်ဟုလည်း ဆိုသည်။


FDA သည် တစ်နှစ်လျှင် ပြည်တွင်းစစ်ဆေးမှု ၈၄ဝဝ နှင့် တစ်ပတ်လျှင် ပျှမ်းမျှအကြိမ် ၁၆ဝ ဆောင်ရွက်ကြောင်းသိရသည်။ အစားအစာထုတ်လုပ်သည့်ပုံစံတွင် ပါဝင်သည့်အတိုင်း ထုတ်လုပ်လိုက်သည့်အစားအစာများထဲတွင် ပါဝင်ခြင်းရှိ၊ မရှိခြင်း စက်ရုံ၏ စည်းကမ်းချိုးဖောက်မှုရှိ၊ မရှိတို့ကိုစစ်ဆေးရသည့် လုပ်ငန်းစဉ် များကို လုပ်ကိုင်ရသည်။ 

Ref:AP

#theyangontimes

Rate this item
(0 votes)
back to top