HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆူဒန်တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးဖြင့် နှိမ်နင်း၊ သုံးဦးသေဆုံး

ဆူဒန်တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးဖြင့် နှိမ်နင်း၊ သုံးဦးသေဆုံး

ခါတွန်၊ ဇန်နဝါရီ ၁ဝ


ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃ဝ ကြာ အုပ်ချုပ်နေသည့် သမ္မတအိုမာ အယ်ဘတ်ရှာကို ဆန့်ကျင်ဆန္ဒပြသူများအားဖြိုခွင်းရန် အွမ်ဒူရမ်မြို့၌ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုခဲ့၍ သုံးဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီက ဇန်နဝါရီ ၁ဝ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ဆန္ဒပြမှုများ သီတင်းပတ် နှင့်ချီကြာလာချိန်တွင် ဆူဒန်နိုင်ငံ ၏ ဒုတိယအကြီးဆုံးမြို့၌ ဇန်နဝါရီ ၉ ရက်က အဓိကရုဏ်းနှင့် တရားမဝင်စုဝေးမှုများကို ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SUNA ကဆိုသည်။

လူသုံးဦးသေဆုံးခဲ့ပြီး အခြားအများအပြားလည်း ထိခိုက်ဒဏ် ရာရရှိခဲ့သည်ကို သိရှိထားကြောင်းနှင့် ယင်းတိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ အခြားအ သေးစိတ်အချက်အလက်များလည်း သိရှိရခြင်းမရှိသေးပေ။ ရဲတပ်ဖွဲ့ က လမ်းဘေးလမ်းသွယ်များထဲအထိ ဆန္ဒပြသူများနောက်သို့ လိုက်ခဲ့ကြရပြီး ယင်းနေရာများတွင် ဆန္ဒ ပြသူတို့က ဆန္ဒပြမှုများ လုပ်ဆောင်ရန် လူစုနေကြသည်ဟု မျက်မြင် သက်သေများက ပြောကြားခဲ့သည်။ အဓိကလမ်းမကြီးတစ်ခုကိုလည်း ရာနှင့်ချီသော လူအုပ်ကြီးက ပိတ် ဆို့ထားကြသည်။


သမ္မတဘတ်ရှာက ဇန်နဝါရီ ၉ ရက်တွင် မြို့တော်ခါတွန်၌ ထောင်နှင့်ချီသော ထောက်ခံသူများထံ ၎င်းအနေဖြင့် အာဏာကို ဆက်လက်ကိုင်စွဲထားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ သို့သော် ၎င်း၏မိန့် ခွန်းသည် ဆန္ဒပြမှုများကို ရပ်တန့်သွားစေခဲ့ခြင်းမရှိခဲ့ဘဲ ဆက်တိုက် တိုက်ပွဲဝင်နေသူများကို တိုက်ခိုက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အွမ်ဒူရမ်မြို့မှ ဆန္ဒပြသူတို့ကြား ဇန်နဝါရီ ၉ ရက်တွင် ထိပ်တိုက်တွေ့ ခဲ့ကြသည်။ ဆန္ဒပြသူများသည် ပေါင် မုန့်နှင့် နိုင်ငံခြားငွေကြေး ပြတ်လပ်မှုကို ဒေါသထွက်ပြီး သီတင်းပတ်နှင့်ချီ၍ နေ့စဉ်နီးပါး ဆန္ဒပြ ခဲ့ကြသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် အဆုံးသတ်မည့် သမ္မတသက်တမ်းအလွန်အထိ လက်ရှိသမ္မတ ဘတ်ရှာ အာဏာရယူထားနိုင်စေမည့် ဖွဲ့ စည်းပုံဥပဒေကိုပြောင်းလဲမည့်အစီအစဉ်များကို အာဏာရပါတီက ဖိအားပေး လုပ်ဆောင်လာခြင်း ကြောင်း လူထုအြုံ<ွကမှုဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ 

Ref: Reuters

#theyangontimes

Rate this item
(0 votes)
back to top