HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြောက်ကိုရီးယား ခေါင်းဆောင်က နျူကလီးယား ဖျက်သိမ်းရေးကို ထပ်မံ အတည်ပြုပြောကြား၊ ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးသွားမည် ဟုဆို  

မြောက်ကိုရီးယား ခေါင်းဆောင်က နျူကလီးယား ဖျက်သိမ်းရေးကို ထပ်မံ အတည်ပြုပြောကြား၊  ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးသွားမည် ဟုဆို   

ဆိုးလ်၊ ဇန်နဝါရီ ၁ဝ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နျူကလီးယားဖျက်သိမ်းရေးကို ထပ်မံအာမခံလိုက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှ ကောင်းသောရလဒ်များထွက် ပေါ်လာအောင် ကြိုးစားသွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ပြော ကြားလိုက်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဇန်နဝါရီ ၁ဝ ရက်တွင် ဖော်ပြလိုက်သည်။

ကင်သည်ပေကျင်းမြို့၌ ဇန်နဝါရီ ၈ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းက တိပြုခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းက ဖော်ပြလိုက်သည်။ ကင်မှာ တရုတ်ပြည်သို့ လေးရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက် နေခဲ့ပြီး ၎င်းမှာ ၁ဝ လအတွင်း တရုတ်ပြည်သို့ စတုတ္ထအကြိမ်လာ ရောက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် နျူကလီးယားဖျက်သိမ်းရေး ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲသွားမည် ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ် ပြဿနာကို ဆွေးနွေးခြင်းနှင့် ညှိ နှိုင်းခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ် ကြောင်း၊ အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ကာ အဖြေ ကောင်းများထွက်လာအောင် လုပ် ဆောင်သွားမည်ဟု တရုတ်သမ္မတ ရှီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။


မြောက်ကိုရီးယားခေါင်းဆောင် နှင့် အမေရိကန်သမ္မတတို့ ဒုတိယအကြိမ်တွေ့ဆုံရန် ကိစ္စကို တရုတ်သမ္မတရှီက ထောက်ခံကြောင်း၊ နှစ်ဦးသားတူညီသော သဘောထား ကို တွေ့ရှိလိမ့်မည်ဟု မျှော်လင့် ကြောင်း၊ ဤဖြစ်စဉ်တွင် တရုတ် က အပြုသဘောဆောင်သည့် အ ခန်းကဏ္ဍက ရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် ဆွေးနွေးရင်း လမ်းခုလတ် ၌ တွေ့ကြမည်ဖြစ်ကြောင်း တရုတ် က မြောက်ကိုရီးယား DPRK နှင့် အခြားပါဝင်သည့်အဖွဲ့များနှင့် ပူး ပေါင်းကာ ကောင်းမွန်၍ အပြုသ ဘောဆောင်သောအခန်းမှပါဝင် ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကို ထိန်းသိမ်းကာ ကိုရီးယားကျွန်း ဆွယ်၌ အမှန်တကယ် နျူကလီးယား ကင်းမဲ့အောင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီကပြောခဲ့သည်။


KCNA သတင်းတွင် ခေါင်း ဆောင်ကင်က နျူကလီးယားဖျက် သိမ်းရေးကို စွဲမြဲစွာကိုင်စွဲလျက် ဇွန်လအမေရိကန်နှင့် ထိပ်သီးဆွေးနွေးပွဲက ရရှိခဲ့သောကတိကို သစ္စာရှိစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ သမ္မတရှီနှင့် တွေ့ဆုံစဉ် နျူကလီးယားဖျက်သိမ်း ရေးမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ကနျူကလီးယားဖျက် သိမ်းရေးလုပ်ငန်းစဉ်တွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရမည်ဟု ပြောခဲ့သည် ဟု ဆိုသည်။ ပေကျင်းသို့ရောက်နေစဉ် တ ရုတ်သမ္မတရှီက ကင်၏ ၃၅ နှစ် မြောက်မွေးနေ့တွင် ဇန်နဝါရီ ၈ ရက်က ညနေစာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။ 

Ref: Yonhap

#theyangontimes

Rate this item
(0 votes)
back to top