HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေကို နယ်စပ်တံတိုင်းဆောက်ရာတွင် အသုံးပြုရန် အမေရိကန်သမ္မတ ထရန့် စဉ်းစားနေ

သဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေကို နယ်စပ်တံတိုင်းဆောက်ရာတွင် အသုံးပြုရန် အမေရိကန်သမ္မတ ထရန့် စဉ်းစားနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟာရီကိန်းမုန်တိုင်းဒဏ်ကို အလူးအလဲခံရလေ့ရှိသော ပွာတိုရီကိုနှင့် တက္ကဆက်ပြည်နယ်တို့ အပါအဝင် ဒေသများနှင့် တစ်ဒါဇင်ကျော်ရှိသော ပြည်နယ်များအတွက် လျာထားသည့် သဘာဝ ဘေးအန္တရာယ် လျော့ပါးသက်သာ စေရေး ရန်ပုံငွေဘီလီယံနှင့် ချီ သော ဒေါ်လာများကို ကွန်ဂရက်၏ ခွင့်ပြုချက်မလိုဘဲ အမျိုးသား အဆင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး နယ်စပ်တံတိုင်းဆောက်ရန် စဉ်းစားနေကြောင်းသိရသည်။ အိမ်ဖြူတော်က လွန်ခဲ့သောနှစ် တွင် ကွန်ဂရက်လွှတ်တော်က အ တည်ပြုခဲ့သော အရေးပေါ် ရန်ပုံ ငွေ ဒေါ်လာ ၁၃ ဒသမ ၉ ဘီလီယံအပါအဝင် ဘတ်ဂျက်မှတစ်ဆင့် ငွေရယူနိုင်ရန် အင်ဂျင်နီယာအဖွဲ့ ထံ အိမ်ဖြူတော်က တိုက်ရိုက်ညွှန် ကြားထားသည်။

ယင်းသတင်းကို ထုတ်ပြောခဲ့ သူများမှာလည်း ကွန်ဂရက်လွှတ် တော်နှင့် အစိုးရအဖွဲ့နှင့် နီးစပ် သူများဖြစ်ပြီး နာမည်ကိုထုတ်ပြော ခဲ့ခြင်းမရှိပေ။ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားရသော အစိုးရယန္တ ရားများကို ပြန်လည်လည်ပတ်ခွင့် ရနိုင်ရန် သမ္မတထရန့်နှင့် ကွန်ဂ ရက်လွှတ်တော်မှ ဒီမိုကရက်တို့အ ကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင် နေပြီး အရေးပေါ်အခြေအနေတစ် ခုကြေညာနိုင်ရန် အစိုးရက လေ့ လာ သုံးသပ်နေသည်ဟုလည်းဆို ကြသည်။ သမ္မတထရန့်က နယ် စပ်တံတိုင်းဆောက်ရန် ဒေါ်လာဘီ လီယံနှင့်ချီ တောင်းဆိုထားသော် လည်း ဒီမိုကရက်တို့ဘက်မှ ခွင့်ပြု မပေးချေ။ ထိုအချိန်တွင် သောင်း နှင့်ချီသော အစိုးရဝန်ထမ်းများ မှာလည်း လခမရဘဲ ဖြစ်နေသည်။


ပြီးခဲ့သည့် ဇန်နဝါရီ ၁ဝ ရက်တွင် သမ္မတထရန့်က နယ်စပ်တံ တိုင်းဆောက်ရန် ဖိအားပေးသည့်အနေဖြင့် တက္ကဆက်ပြည်နယ်မှ နယ်စပ်သို့ သွားရောက်သည့်ခရီး စဉ်အတွင်း အရေးပေါ် အခြေအ နေကြေညာမည့်အကြောင်း အရိပ်အမြွက် ပြောဆိုလာခဲ့သည်။ ဒီမို ကရက်တို့နှင့် ပြုလုပ်နေသည့် အ ပေးအယူကိစ္စတွင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း အိမ်ဖြူတော်မှ ထွက်ခွာချိန်တွင် ၎င်းက ပြောဆိုခဲ့သော်လည်း ၎င်းက ''တကယ်လို့ အလုပ်မဖြစ်ရင် တောင် ရအောင်လုပ်မှာပါ။ တိတိကျကျ ကျွန်တော်ပြောတော့မှာ ပါ'' ဟု ပြောဆိုခဲ့သည်။

Ref: AP

#democracytoday

Rate this item
(0 votes)
back to top