HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ရဲစခန်းဝင်စီးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ထောင်ဒဏ် ၁၉၅ နှစ်ချမှတ်

ရဲစခန်းဝင်စီးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ထောင်ဒဏ် ၁၉၅ နှစ်ချမှတ်

မာလ်ဘိုရို၊ ဇန်နဝါရီ ၁၂

အမေရိကန်နိုင်ငံတွင် Prince George's  စီရင်စု ရဲစခန်းတစ်ခုအား ၂ဝ၁၆ ခုနှစ် မတ်လအတွင်းက တစ်ကိုယ်တော် ဝင်ရောက်စီးနင်းကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ သေနတ်သမား အသက် (၂၅) နှစ်ရှိ မိုက်ကယ်ဖို့ဒ်အား ရဲတစ်ဦး သေဆုံးခဲ့ရမှုအတွက် ထောင်ဒဏ် ၁၉၅ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု ဇန်နဝါရီ ၁၁ ရက် သတင်းများအရ သိရှိရသည်။

၎င်းကရဲတပ်သား Jacai Colson  အား တမင်တကာ ရည် ရွယ်ချက်ဖြင့် သတ်ခဲ့ခြင်းမဟုတ်ဘဲ မတော်တဆပစ်ခတ်မိ၍ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ယင်းအတွက် ၎င်းအား လူသတ်မှုအစား လူသေစေမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။


မတော်တဆမှုဖြင့် သေဆုံးခဲ့ရသူ ရဲမှာ စစ်ပြန်တစ်ဦးဖြစ်ပြီး ရဲလုပ်သက် လေးနှစ်ရှိနေပြီဖြစ်သည်။ ''သူမသေသင့်ပါဘူး။ ကျွန် တော်သာသေသင့်သူပါ''ဟု ဖို့ဒ်က သေဆုံးသူရဲ၏ မိဘများအား ထုတ်ဖော်ပြောဆိုလိုက်သည်။ တရားခံဖို့ဒ်၏ ညီအစ်ကိုနှစ်ဦးဖြစ်ကြသော ဟီးလ်နှင့် မာလစ် တို့သည် အခင်းဖြစ်ပွားရာ ရဲစခန်းသို့ ကားမောင်း၍ ဖို့ဒ်အားပို့ပေးခဲ့ ခြင်းဖြစ်သည်။ 

Ref:AP

#democracytoday

Rate this item
(0 votes)
back to top