HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ရွေးကောက်ပွဲ ရှုံးနိမ့်၍ အစိုးရအဖွဲ့နုတ်ထွက်ခဲ့ပြီးနောက် ထိုင်ဝမ်တွင် ဝန်ကြီးချုပ်အသစ် ထပ်ခန့်မည်

ရွေးကောက်ပွဲ ရှုံးနိမ့်၍ အစိုးရအဖွဲ့နုတ်ထွက်ခဲ့ပြီးနောက် ထိုင်ဝမ်တွင် ဝန်ကြီးချုပ်အသစ် ထပ်ခန့်မည်

တိုင်ပေ၊ ဇန်နဝါရီ ၁၁

ထိုင်ဝမ်၏ အာဏာရလွတ် လပ်ရေးလိုလားသောပါတီ၏ဥက္ကဋ္ဌဟောင်းအား ဝန်ကြီးချုပ်အ ဖြစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း တရားဝင်သတင်းမီဒီယာက ဇန်နဝါရီ ၁၁ ရက်တွင် ဖော်ပြလိုက်သည်။ လက်ရှိဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေသည့် ဝီလျံလိုင်က ၎င်းနှင့် ၎င်း၏အစိုးရအဖွဲ့သည် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့၍ နုတ်ထွက် ကြောင်း ကြေညာခဲ့ပြီးနောက်တစ် ရက်တွင် ဤသို့ဝန်ကြီးချုပ်အသစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာရွေးကောက်ပွဲရှုံး နိမ့်ခြင်းကြောင့် သမ္မတဆိုင်အင် ဝမ်အား အဓိကစိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သူမ၏ပြုပြင် ရေး အစီအစဉ်ကြောင့်ပြည်တွင်း၌ ဝေဖန်မှုများမြင့်တက်လျက်ရှိ သည်။ တရုတ်၏ခြိမ်းခြောက်မှုအ သစ်ကို ခံရနေရပြီး တရုတ်ကထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်းပြောကြား လျက်ရှိသည်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ၏ဥက္ကဋ္ဌသက်တမ်း နှစ်ကြိမ်ထမ်းဆောင်ခဲ့သူ ဆူဆင်းချန်ကို ဆိုင်ကဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားလိမ့်မည်ဖြစ်ကြောင်း တရားဝင်ဗဟိုသတင်း အေဂျင်စီက ဇန်နဝါရီ ၁၁ရက်တွင်ဖော်ပြလိုက်သည်။ လိုင်နုတ်ထွက်ခြင်းမှာ ၂ဝ၁၆ ဆိုင်အာဏာရသည်မှစ၍ ဒုတိယ မြောက် ဝန်ကြီးချုပ်နုတ်ထွက်ခြင်း ဖြစ်သည်။ အဓိကရွေးကောက်ပွဲ ၌ ရှုံးနိမ့်ပါက ပါတီခေါင်းဆောင်များ နုတ်ထွက်ရသည်မှာ ထိုင်ဝမ်၏အ စဉ်အလာဖြစ်သည်ဟုဆိုသည်။ ရွေးကောက်ပွဲရှုံးနိမ့်မှု၌ တာဝန်မကင်း၍ကျွန်ုပ်သည် နုတ်ထွက် ရမည်ဟုလိုင်ကဝန်ကြီးအဖွဲ့ အ စည်းအဝေးတွင်ပြောကြားလိုက်သည်။ ဇန်နဝါရီ ၁၁ ရက်က ၎င်းနှင့် ဝန်ကြီးများ နုတ်ထွက်ခဲ့ကြသည်။


ထိုင်ဝမ်၏ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ကို ဖွဲ့စည်းရပြီးနေ့စဉ် လုပ်ငန်းများကို ဆောင်ရွက်ရ မည်။ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်း တွင် ဝန်ကြီးချုပ်အသစ်ကို ကြေညာသွားမည်ဟုဆိုသည်။ ဝန်ကြီးအသစ်များခန့်အပ်ပြီးနောက် ကြေညာ သွားမည်ဖြစ်သည်။ နောက်ထပ်သမ္မတရွေးရန် တစ်နှစ်ခန့်သာလိုတော့သည့်အချိန်တွင် ဆိုင်နှင့်ဝန်ကြီးချုပ်တို့သည် ၎င်းတို့၏ လုပ်ဆောင်မှုကို လူထုထောက်ခံမှုရရှိအောင်လုပ် ဆောင်သွားမည်ဟု ဝေဖန်သူများက ပြောခဲ့ကြသည်။ ဆိုင်က ရွေးကောက်ပဲရှုံးနိမ့် သော်လည်း ထိုင်ဝမ်၏ဒီမိုကရေ စီကို ကာကွယ်သွားမည်ဟု ပြော ကြားလိုက်သည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top