HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သမ္မတမက္ကရီ၏ ချွေတာရေးမူဝါဒကို အာဂျင်တီးနား လူထု ဆန္ဒပြ

သမ္မတမက္ကရီ၏ ချွေတာရေးမူဝါဒကို  အာဂျင်တီးနား လူထု ဆန္ဒပြ

လီမာ၊ ဇန်နဝါရီ ၁၁


မီးတုတ်များကိုင်ဆောင်လျက် လူထောင်ပေါင်းများစွာတို့သည် ဗျူနိုအေရိစ်မြို့ပေါ်ရှိလမ်းမများပေါ်၌ ချီတက်ဆန္ဒပြခဲ့ကြ သည်။ ၎င်းတို့သည် သမ္မတ မော်ရီစီယိုမက္ကရီ၏ ချွေတာစုဆောင်း ရေးပေါ်လစီနှင် လူထုအသုံးစရိတ်မြင့်မားလာမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ မက္ကရီသည် လူထုအား ထောက်ပံ့နေသည့် လျှပ်စစ်ဓာတ်အားခနှင့် အခြားဝန်ဆောင်မှုများ ကိုလျှော့ချလိုက်သည်။

ကာလကြာရှည်နေသည့် ဘတ်ဂျက်လိုငွေကို လျော့ကျစေရန်ဖြစ်သည်။  လျှပ်စစ်ဓာတ်အားခနှင့် သဘာဝဓာတ်ငွေ့ဈေးများကို ၂ဝဝဝ ရာခိုင်နှုန်းအထိ တိုးမြှင့်မှုကို ¤င်းသမ္မတဖြစ်လာကတည်းက လုပ် ဆောင်ခဲ့ကြောင်း ဒေသသတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဈေးနှုန်းများကို ယခုနှစ်တွင်လည်း ထပ်မံတိုးသွားရန်ရှိသည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ လူထုမှာသုံးစွဲမှု မလောက်မငဖြစ်နေကြသည်ဟု ဆိုသည်။ အစိုးရ၏လုပ်ဆောင်ချက်အားလုံးသည် အလုပ်သမားတွေကိုဆန့်ကျင်နေတာဖြစ်ကြောင်း ထရပ်ကားဒရိုင်ဘာများ သမဂ္ဂခေါင်း ဆောင်ပက်ဘလိုမိုယာနိုက ဆန္ဒပြနေစဉ် ပြောကြားလိုက်သည်။


အပတ်စဉ် ဆန္ဒပြမှုကို ဖေဖော်ဝါရီလဆန်းအထိ ပြုလုပ်သွားကာ မက္ကရီကိုဖိအားပေးသွားမည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်း သမ္မတရွေးကောက်ပွဲမတိုင်မီ နိုင်ငံ၏စီးပွားရေးကို ဖြေရှင်းပေးရန်ရည်ရွယ်သည်ဟုဆိုသည်။ လွန်ခဲ့သောနှစ်က နိုင်ငံစီးပွားရေးကျုံ့လာခဲ့ကာ ငွေဖောင်းပွ မှု ၅ဝ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ပီဆိုငွေကြေးတန်ဖိုးကလည်း ၅ဝ ရာခိုင်နှုန်းတန်ဖိုးကျသွားခဲ့သည်။ မက္ကရီသည် IMF နှင့် လူကြိုက်မများသည့် သဘောတူညီချက်ကို ရယူကာဒေါ်လာ ၅၇ ဘီလီယံအထောက်အပံ့ရယူလျက် ဘတ်ဂျက်လိုငွေလျှော့ချရန် သဘောတူခဲ့သည်။


ဆန္ဒပြသမား ၂ဝဝဝဝ ကျော်သည် ဇန်နဝါရီ ၁၁ ရက်က မက္ကရီ၏ရုပ်လုံးများနှင့် IMF ၏ချွေတာရေးနဲ့ လုံလောက်ပြီလား'' ဆိုသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကွန်ဂရက်လွှတ်တော်ရှိ ရာသို့ချီတက်ခဲ့ကြသည်။ ထရပ်ဒရိုင်ဘာများသမဂ္ဂနှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ တို့ကဤဆန္ဒပြမှုကို စည်းရုံးခဲ့ကြခြင်းဖြစ်သည်။ လက်ဝဲနိုင်ငံရေး ပါတီများနှင့် လွတ်လပ်သော အာဂျင်တီးနားများကလည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။ 

Ref : Reuters

#democracytoday

Rate this item
(0 votes)
back to top