HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

၂ဝ၂ဝ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဟာဝိုင်အီ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂတ်ဗတ် ဝင်ရောက်ယှဉ်ပြိုင်မည်  

၂ဝ၂ဝ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဟာဝိုင်အီ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂတ်ဗတ် ဝင်ရောက်ယှဉ်ပြိုင်မည်   

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂

၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဟာဝိုင် အီပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်အမျိုးသမီးအမတ် တူလ်ဆီဂတ်ဗတ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဗီအင်န်အန်သတင်း ဌာန၏ ဇန်နဝါရီ ၁၂ ရက်နေ့ သတင်းများအရ သိရှိရသည်။

သူမသည် အမေရိကန်ပိုင် ဆာမိုအာကျွန်းတွင် မွေးဖွားမြင် ခဲ့ပြီးနောက် အသက် (၃၇)နှစ်ရှိပြီဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ် အမေ ရိကန်သမ္မတရွေးကောက်ပွဲသို့ မက်ဆာချူးဆက်ပြည်နယ်မှ အထက် လွှတ်တော်အမတ် အဲလီဇဘတ်ဝါရင်၊ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ကမ္မလာဟာရစ်၊ နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် ကိုရီဘွတ်ကာ၊ ဗားမောက်ပြည်နယ် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်တို့လည်း သမ္မတလောင်း များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အမေရိကန်သမ္မတ ဟောင်း ဘားရက်အိုဘားမားအစိုးရအဖွဲ့တွင် အိုးအိမ်ဌာနအကြီး အကဲဖြစ်ခဲ့သူ ဂျူလီယန်ကက်စထရိုသည်လည်း သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


ဂတ်ဗတ်သည် ၂ဝ၁၆ ခုနှစ်က သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံကာ ၂ဝ၂ဝ တွင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မည်ဟု အတိအလင်းပြောထားပြီးဖြစ်သည်။ ဆီးရီးယားနိုင်ငံသို့ လည်း သွားရောက်ခဲ့ကာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာ ဆတ်နှင့်တွေ့ဆုံကာ ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များ သုံး စွဲတိုက်ခိုက်နေမှုကို တင်ပြကန့်ကွက်ခဲ့သူဖြစ်သည်။ 

Ref: AP

#democracytoday

Rate this item
(0 votes)
back to top