HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လစာမရသည့် အမေရိကန်အစိုးရ လုပ်သားအချို့ ရိက္ခာထောက်ပံ့မှုရရန် အလုပ်လက်မဲ့အဖြစ် လျှောက်ထားကြ

လစာမရသည့် အမေရိကန်အစိုးရ လုပ်သားအချို့ ရိက္ခာထောက်ပံ့မှုရရန် အလုပ်လက်မဲ့အဖြစ် လျှောက်ထားကြ

ပရိုဗိုက်ဒင့်စ်၊ ဇန်နဝါရီ ၁၈

အမေရိကန် ဗဟိုအစိုးရအလုပ်သမားများနှင့် ¤င်းတို့၏မိသားစုများက ၎င်းတို့မှာ အလုပ်လက်မဲ့များဖြစ်သည်ဟု လျှောက်ထားခဲ့ကြကြောင်း၊ ရိက္ခာထောက်ပံ့မှုများရရှိရန်အတွက်ဖြစ်ကြောင်း AP သတင်းက ဖော်ပြလိုက်သည်။ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးအစိုးရလုပ်ငန်းများ ပိတ်ထားခဲ့ရသဖြင့် လစာမရဘဲဖြစ်နေကြရသည့် အလုပ်သမားများက ဤအစိုးရဌာနများ ပိတ်သိမ်းထားခြင်းမှာ အတော်နှင့်ပြီးဆုံးဟန်မတူဟု ပြောကြားခဲ့ကြသည်။

အမေရိကန်အလုပ်သမားအချို့ မှာ ထိခိုက်နစ်နာပျက်စီးကြရသည်ဟု သတင်းများကဆိုသည်။ တချို့က အလုပ်လက်မဲ့ လျှောက်ထားရန် ဖင့်နှေးနေကြသည်။ ၎င်းတို့က အစိုးရကအလုပ် ပြန်ဖွင့်၍ လစာငွေပြန်ရသောအခါ ၎င်းတို့ရယူထားသော အလုပ်လက်မဲ့ထောက်ပံ့ကြေးများကို ပြန် ပေးရမည်ကို စိုးရိမ်နေကြသည်ဟုဆိုသည်။ အမေရိကန်အလုပ်သမားဌာနက နားနေရသည့် အစိုးရ အလုပ်သမားများထဲမှ အလုပ်လက် မဲ့လျှောက်ထားသူ အလွန်များလာ ကြောင်း ဇန်နဝါရီ ၅ရက်နေ့အထိ ၁ဝဝဝဝ အထိရှိခဲ့ကြောင်း ပြော ကြားလိုက်သည်။

 

သမ္မတဒေါ်နယ်ထရန့်၏ နယ်စပ်ခြံစည်းရိုးအတွက် ဘတ်ဂျက် တောင်းခံမှုမရ၍ အစိုးရအလုပ် တချို့ပိတ်ထားခဲ့ရာ အလုပ်သမား ၈ဝဝဝဝဝ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ အစိုးရအလုပ်များပိတ်သိမ်းထားသည်မှာ လေးပတ်ကျော်ခဲ့ပြီ ဖြစ်သည်။ အလုပ်သမား ၄၂ဝဝဝဝမှာ လစာမရဘဲ အလုပ်လုပ်နေကြသည်။ အခြားအလုပ်သမား ၃၈ဝဝဝဝ မှာ လစာမရဘဲ အိမ်မှာ နေကြရသည်။ IRS  အေဂျင်စီက အလုပ်သမားများ အလုပ်ပြန်ဆင်းရန် တိုက်တွန်းခဲ့သည်။ သမ္မတထရန့်က အလုပ်ပိတ်သိမ်းမှုရပ်၍ အလုပ်ပြန်ဆင်းပါက အလုပ်သမားများကို လစာပြန်ပေးသွားမည်ဟု အမိန့်ထုတ်ခဲ့သည်။


အလုပ်သမားဌာနက အလုပ်လက်မဲ့လျှောက်ထားသူများသည် အလုပ်ပြန်ဝင်ပါက ရပ်ဆိုင်းလစာကို ပြန်မရနိုင်ဟု ပြောခဲ့သည်။ သို့ရာတွင် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးက အလုပ်သမားများကို နစ်နာကြေးပေးမည်ဟု ပြောခဲ့သည်။ အမေရိကန်ပြည်တွင်းလုံခြုံ ရေးဌာနမှ ဝန်ထမ်းမိသားစုများမှာလည်း လုပ်ငန်းပိတ်သိမ်းရာတွင် ပါ ဝင်ခဲ့ရာ ယခုအခါ ¤င်းတို့မိသား စုများစားဝတ်နေရေးအတွက် အလုပ်လက်မဲ့အထောက်အပံ့ယူရန် လုပ်ဆောင်ခဲ့ကြသည်။ 

Ref : AP

#democracytoday

Rate this item
(0 votes)
back to top