HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကွန်ဂိုတွင် နှစ် ၆ဝ အတွင်း ပထမဆုံးအကြိမ် အေးချမ်းတည်ငြိမ်စွာ သမ္မတရာထူးလွှဲပြောင်း  

ကွန်ဂိုတွင် နှစ် ၆ဝ အတွင်း ပထမဆုံးအကြိမ် အေးချမ်းတည်ငြိမ်စွာ သမ္မတရာထူးလွှဲပြောင်း   

ကင်ရှာဆာ၊ ဇန်နဝါရီ ၂၁

လူဦးရေသန်း ၆ဝ ရှိသော ကွန်ဂိုနိုင်ငံတွင် ဒီဇင်ဘာ ၃ဝ ရက်ရွေးကောက်ပွဲ အနိုင်ရရှိသူ Felix Tshisekedi သည် ဇန်နဝါ ရီ ၂ဝ ရက်က သမ္မတရာထူးကို လွှဲပြောင်းရယူလိုက်နိုင်ခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှု များရှိနေလင့်ကစား၊ ၁၉၆ဝ ပြည့်နှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ် ၆ဝ ကာလအတွင်း နိုင်ငံရေးတင်းမာမှုနှင့် အကြမ်းဖက်မှုများ ရှိနေသော်လည်း ယခုတစ်ကြိမ် အာဏာလွှဲပြောင်းရေးသည် ငြိမ်း ချမ်းစွာအရှိဆုံး အာဏာလွှဲပြောင်းမှုဖြစ်သည်ဟု ဇန်နဝါရီ ၂၁ ရက် သတင်းများအရ သိရသည်။

သမ္မတ Felix Tshisekedi သည် ကွယ်လွန်သူအတိုက်အခံ ခေါင်းဆောင် Etienne ၏သား ဖြစ်သည်။ သမ္မတကျမ်းသစ္စာကျိန် ဆိုပွဲအား ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဇန် နဝါရီ ၂၆ ရက်တွင် ပါလီမန်အစည်းအဝေးစတင်ကျင်းပမည်ဖြစ် သည်။ ဇန်နဝါရီ ၂ဝ ရက် နံနက် အစောပိုင်းကပင် ကွန်ဂိုတရားရုံး မှ Felix အား သမ္မတအဖြစ်ရွေး ချယ်ခံရသည်ဟု ကြေညာခဲ့သော်လည်း ယင်းရလဒ်သည် အဂတိ လိုက်စားထားသော ကြေညာချက် ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ နေ့ချင်းပေါ်ထွက်လာခဲ့သည်။


''ကွန်ဂိုနိုင်ငံမှာ ကျွန်တော် အနိုင်ရရှိပါပြီ''ဟု သမ္မတအာဏာ လွှဲပြောင်းပြီးနောက် မိန့်ခွန်းပြော ကြားရာတွင် ထည့်သွင်းပြောဆို လိုက်သည်။ ''စည်းလုံးညီညွတ်တဲ့ ကွန်ဂိုလူမျိုးစုချင်း အမုန်းတရား ပွားများမှုကင်းတဲ့ ကွန်ဂိုအနာဂတ် မှာဖြစ်လာရပါလိမ့်မယ်''ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု ငြိမ်းချမ်းသာယာဝ ပြောမှု လုံခြုံစိတ်ချရတဲ့နိုင်ငံတစ် နိုင်ငံလည်း ဖြစ်လာမှာပါဟုလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။ သမ္မတ၏အနိုင်ရပါတီ UDPS ဝင်များသည် ကင်ရှာဆာမြို့ပေါ် တစ်လျှောက် အောင်ပွဲခံလှည့် လည်ခဲ့ကြသည်။ ယခင်သမ္မတဟောင်း  Fayulu  ၏ရွေးကောက်ပွဲအယူခံလွှာ အား တရားရုံးချုပ်က ပယ်ချလိုက် ပြီး Felix  သမ္မတဖြစ်မှုအား အတည်ပြုပေးခဲ့သည်။ Felix  သည် ဆန္ဒမဲခုနစ်သန်းတွင် ၃၈ ရာခိုင်နှုန်း၊ Fayulu သည် ၃၄ ရာ ခိုင်နှုန်းရရှိခဲ့ကြောင်း တရားရုံးက အတည်ပြုပေးခဲ့သည်။


အာဖရိကသမဂ္ဂ (AU) သည် သမ္မတ Felix အရွေးချယ်ခံရသည် ကို ချီးကျူးဂုဏ်ပြုခြင်း အမည်နာမ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ တရား ရုံးအမိန့်ကို မှတ်တမ်းတင်ရုံသာ ပြုလုပ်ခဲ့သည်။ အာဖရိကနိုင်ငံအချို့ခေါင်းဆောင်များကသာ သမ္မတ အပေါ် ချီးကျူးသဝဏ်လွှာများ ပေး ပို့ခဲ့ကြသည်။ တန်နီးယားသမ္မတဂျွန်မာဂူဖူ လီက ''ကွန်ဂိုအနာဂတ် သင့်လက် ထဲရောက်လာပါပြီ''ဟု တွစ်တာမှ တစ်ဆင့် ရေးသားဂုဏ်ပြုလိုက် သည်။

AP

#democracytoday

Rate this item
(0 votes)
back to top