ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မူဆလင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ

မနီလာ၊ ဇန်နဝါရီ ၂၁
ဖိလစ် ပိုင်နိုင်ငံတောင်ပိုင်းရှိ လူနည်းစု မူဆလင်လူမျိုးများသည် ဆင်းရဲမွဲ တေမှု၊ ဓားပြတိုက်မှုနှင့် အစ္စလာ မ္မစ် အစွန်းရောက်မှုတို့ ထူပြော သည့်ဒေသတွင် ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့ပြီဖြစ်သည့် ခွဲထွက် မှုပဋိပက္ခများကို ငြိမ်းချမ်းသော လုပ် ငန်းစဉ်တစ်ခုဖြင့် အဆုံးသတ်နိုင် ရန် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဇန်နဝါရီ ၂၁ ရက်၌ ကျင်းပသည့် ဆန္ဒခံယူပွဲတွင် မဲပေးနိုင်ကြပြီဖြစ် သည်။ မတည်ငြိမ်မှုများပြားနေ သော မင်ဒါနာအိုဒေသမှ လူဦး ရေ ၂ ဒသမ ၈ သန်းအနေဖြင့် မိုရိုနိုင်ငံဟုခေါ်သော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတစ်ခုကို ဖန်တီး ရန်ခွဲထွက်ရေးသမားများနှင့် အစိုး ရတို့၏ အစီအစဉ်ကို လက်ခံခြင်း ရှိ၊ မရှိ၊ မဲပေးဆုံးဖြတ်ကြရမည်လည်း ဖြစ်သည်။
အစီအစဉ်ကိုလက်ခံသည့် မဲ ရလဒ်ရရှိမည်ဟု ခန့်မှန်းထားပြီး အာရှ၏ အဆင်းရဲဆုံးဒေသတစ် ခုနှင့် တိုင်းရင်းသားအဖွဲ့များ၏ ပုန် ကန်သောင်းကျန်းမှုများ ကြီးစိုးနေ သည့် ယင်းဒေသ၌ ဆယ်စုနှစ်လေး ခုကျော်ကြာ ပဋိပက္ခအတွင်း လူပေါင်း တစ်သိန်းနှစ်သောင်းကျော် သေ ဆုံးခဲ့ရသည်။ ဗဟိုအစိုးရကလည်း မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦးက လုပ်ဆောင်မည့် အကူး အပြောင်းအာဏာပိုင်အဖွဲ့၊ အုပ် ချုပ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး နှင့် ငွေကြေးမူဝါဒတို့ကို ဆက်လက် ကြီးကြပ်ပေးသွားမည်ဖြစ်သည်။ ယင်း တပ်ဦးအဖွဲ့သည် ၂ဝ၂၂ ရွေးကောက် ပွဲပြီးနောက် ထပ်မံလွှမ်းမိုးနိုင်ရန် မျှော်လင့်နေသည့်အဖွဲ့လည်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသားများကြား နာမည်ကျော်ကြားနေဆဲဖြစ်သည့် သမ္မတ ရိုဒရီဂိုဒူတာတေအတွက် နိုင်ငံရေး အင်အားတိုးမြှင့်ပေးနိုင် မည်ဖြစ်သော်လည်း ¤င်း၏ရည် မှန်းချက်ကြီးမားသော မူဝါဒအစီအစဉ်များကြောင့် အခက်အခဲများ နှင့် ရင်ဆိုင်ရဦးမည်ဖြစ်သည်။ ဘန် ဆာမိုရို (မိုရိုနိုင်ငံ) ဟုခေါ်သော အစီအစဉ်ကို ၂၂ နှစ်ကြာ မင်ဒါ နာအိုကျွန်းမှ ဒါဗာအိုစီးတီးတွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းခဲ့ သော မစ္စတာဒူတာတေရှေ့မှ သမ္မတ အဆက်အဆက်က ဆွေးနွေးညှိ နှိုင်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် အစိုး ရများလက်ထက်တွင် အောင်မြင် မှုမရခဲ့မှုကို ယခု¤င်း၏ လက်ထက် ရောက်မှ ကွန်ဂရက်၏ ထောက်ခံ ချက်ကိုရရှိခဲ့ခြင်းဖြစ်သည်။ ဆန္ဒ မဲရလဒ်များကို လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာမည်ဟုခန့် မှန်းရသည်။
Ref: straitstimes
#democracytoday
Latest from M Bwe
- ပညာရေးဥပဒေကြမ်းကို အမေရိကန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်ဖွယ်ရှိ
- ကမ္ဘာကြီး ပူနွေးလာပြီဟု စတင်အသိပေးခဲ့သူ သိပ္ပံပညာရှင်ကြီး အသက် (၈၇) နှစ်တွင် ကွယ်လွန်
- ထိုင်း ဆန်၊ စပါး အာမခံစနစ်အောင်မြင်၍ ဆက်လက် ကျင့်သုံးမည်
- လူရာနှင့်ချီပြီး အစာအဆိပ်သင့် လက္ခဏာများ ခံစားခဲ့ရမှုကြောင့် မွန်ဂိုလီးယားနိုင်ငံရှိ KFC စားသောက်ဆိုင်များကို ယာယီပိတ်သိမ်း
- ဂွါအီဒိုကိုထောက်ခံရန် ဗင်နီဇွဲလားစစ်တပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့် တိုက်တွန်း