HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လာမည့် လတွင် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးပွဲပြုလုပ်နိုင်မည်ဟု ထရန့်မျှော်လင့်ထား

လာမည့် လတွင် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးပွဲပြုလုပ်နိုင်မည်ဟု ထရန့်မျှော်လင့်ထား

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ¤င်းအနေဖြင့် လာမည့် လကုန်ပိုင်းတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် ပြု လုပ်မည့် ဆွေးနွေးပွဲကို မျှော်လင့် နေကြောင်း ဇန်နဝါရီ ၂ဝ ရက် တွင် ပြောဆိုခဲ့သည်။ ယခု သီတင်း ပတ်အစောပိုင်းတွင် ဝါရှင်တန်၏ ထိပ်တန်းမြောက်ကိုရီးယား ကိုယ် စားလှယ်နှင့် ဆွေးနွေးပွဲမှာလည်း ကောင်းမွန်ခဲ့သည်ဟုဆိုသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညာလက်ရုံးဟု လူ သိများသော ကင်ယုံချောနှင့် ¤င်း၏အဖွဲ့သည် အမေရိကန် နိုင်ငံမြို့တော် ဝါရှင်တန်သို့ လာ ရောက်ခဲ့ခြင်း ဖြစ်သည်။ ကင် သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့်ရော သမ္မတ ထရန့်နှင့်ပါ တွေ့ဆုံခဲ့သည်။

သမ္မတထရန့်က ''မီဒီယာ တွေက မြောက်ကိုရီးယားနှင့် ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ ထူး ခြားတဲ့ တိုးတက်မှုအတွက် အား ပေးပြောဆိုတာမျိုးမရှိပါဘူး။ အို ဘားမားအစိုးရနောက်ဆုံးပိုင်းနဲ့ အခုအချိန်ကို နှိုင်းယှဉ်ကြည့်လိုက် စမ်းပါ''ဟု တွစ်တာတွင် ရေးသား ခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ် မှုများ ရပ်ဆိုင်းနေသည့်အချိန်တွင် တွေ့ဆုံဆွေးနွေးနေသည့် ဖြစ်ရပ် ကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ် သည်။ သမ္မတထရန့်က''ဥက္ကဋ္ဌ ကင်နဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်'' ဟု ထပ်လောင်းပြောကြားခဲ့သည်။


သမ္မတထရန့်က လျှို့ဝှက် သော ကွန်မြူနစ်နိုင်ငံနှင့် နျူက လီးယားလက်နက်ဖျက်သိမ်းသည့် ကိစ္စတွင် တိုးတက်မှု အများအပြား ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ပြင် ဥက္ကဋ္ဌ ကင်နှင့်ပြုလုပ်မည့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်မည့် နေ ရာကိုလည်း ရွေးချယ်ပြီးပြီဟုဆို သည်။ သမ္မတက''ကျွန်တော်တို့ နိုင်ငံတစ်ခုကိုရွေးချယ်ပြီးပါပြီ'' ဟု အတိအကျထုတ်ဖော်ခြင်းမပြု ဘဲ ပြောကြားခဲ့သည်။ သတင်းများ ၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ပြင်ဆင်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဟု သိရသည်။ မြောက်ကိုရီးယားနှင့် အမေရိကန် တို့သည် ဆွီဒင်နိုင်ငံတွင် သက် ဆိုင်ရာ အသေးစိတ် အချက်အ လက်များနှင့် ပတ်သက်၍ လုပ်ငန်း အဆင့်ဆွေးနွေးညှိနှိုင်းမှုများ ပြု လုပ်နေသည်။ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချို ဆွန်းဟီနှင့် အမေရိကန် အထူး ကိုယ်စားလှယ် စတီဖန်ဘီဂန်းတို့ က ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်း တွင် စတော့ဟုမ်းမြို့ အနောက် မြောက်ဘက်တွင် ညီလာခံတစ်ခု ပြုလုပ်ပြီး ဆွေးနွေးလျက်ရှိနေ သည်။ 

Ref:Yonhap

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top