HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်သမ္မတ နေတိုးထိပ်သီး အစည်းအဝေး တက်ရန် ဗြိတိန်သို့ သွားမည်

အမေရိကန်သမ္မတ နေတိုးထိပ်သီး အစည်းအဝေး တက်ရန် ဗြိတိန်သို့ သွားမည်

 

လန်ဒန်၊ ဖေဖော်ဝါရီ ၇

အမေရိကန်သမ္မတဒေါ်နယ် ထရန့်သည် ဒီဇင်ဘာလတွင်ပြု လုပ်မည့် နေတိုးအဖွဲ့ထိပ်သီးဆွေး နွေးပွဲသို့တက်ရောက်ရန် ဗြိတိန်သို့သွားရောက်မည်ဖြစ်ကြောင်း၊ ထရန့်သည် ပထမဆုံးအကြိမ်အ ဖြစ် ဗြိတိန်သို့ရောက်ရှိခဲ့ရာ ဆန္ဒ ပြမှုများဖြင့် တွေ့ကြုံခဲ့ရသည်။ နေတိုးအဖွဲ့အကြီးအကဲဂျင်စ် စတိုတင်ဘတ်က ၎င်း၏ကြေညာ ချက်၌ဖော်ပြခဲ့ရာတွင် ''မဟာမိတ်များကသဘောတူပြီးဖြစ်ကြောင်း'' နေတိုးအဖွဲ့က လူထုလုံခြုံမှုရှိ အောင် မည်သို့လုပ်ဆောင်သွားရမည့် လုံခြုံရေးစိန်ခေါ်မှုကို ဆွေး နွေးရန်အတွက် တွေ့ဆုံသွားရ မည်ဖြစ်ကြောင်း ကြေညာချက် တွင်ဖော်ပြခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ရုံး၏ ဗုဒ္ဓဟူးနေ့ကြေညာချက်၌ဖော်ပြရာတွင် ထရီဆာမေက ''ဤကိစ္စမှာ အရေးကြီးသောအခွင့်အရေးဖြစ် ကြောင်း နေတိုးအဖွဲ့ကို ခေတ်မီ အောင်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ဖော်ပြခဲ့သည်။ ဒီဇင်ဘာအစည်းအဝေးမှာ အရေးကြီးသောအခွင့်အရေးဖြစ် ကြောင်း၊ မဟာမိတ်များ မည်သို့ ခေတ်မီအောင်လုပ်ရမည်ကို ဆုံး ဖြတ်သွားရမည်ဖြစ်ကြောင်း၊ အောင်မြင်မှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ထရီဆာမေက ဆက်လက်ပြော ကြားလိုက်သည်။ နေတိုးအဖွဲ့၏သမိုင်းတွင် ဗြိ တိန်သည် အဓိကအခန်းမှပါဝင် လုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အား အသစ်နှင့်ရှုပ်ထွေးသော ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရ ကြောင်း ကြေညာချက်တွင်ဖော် ပြခဲ့သည်။


အမေရိကန်သမ္မတမှာ နေတိုးအဖွဲ့ကို မနားတမ်းဝေဖန် ပြောကြားလျက်ရှိသည်။ ၎င်းသည် လန်ဒန်တွင် မဟာမိတ် ခေါင်းဆောင်များနှင့် တွေ့ဆုံသွား မည်ဖြစ်သည်။ ထရန့်၏အငြင်းပွားဖွယ်ရာ လန်ဒန်သို့လာရောက်လည်ပတ်မှုကို ပြီးခဲ့သောဇူလိုင်လက လုပ် ဆောင်ခဲ့သည်။ ၎င်းအား ဒေါသ ထွက်နေသူများက ဆန္ဒပြ၍ ကြို ဆိုခဲ့ကြသည်။ ထရန့်သည် ဝင်ဆာရဲတိုက်တွင် ဘုရင်မကြီးနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ သည်။ လန်ဒန်မြို့လယ်တွင် လူ ပေါင်းများစွာ ¤င်းကိုဆန္ဒပြခဲ့ကြသည်။ 

Ref ; Xinhua

#democracytoday

Rate this item
(0 votes)
back to top