HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

IS တို့ကို ရာနှုန်းပြည့် အောင်မြင်မှုရအောင် တိုက်ခိုက်သွားမည်ဟု အမေရိကန် ကတိပြု

IS တို့ကို ရာနှုန်းပြည့် အောင်မြင်မှုရအောင် တိုက်ခိုက်သွားမည်ဟု အမေရိကန် ကတိပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇

အမေရိကန်ပြည်ထောင်စုက အစ္စလာမ္မစ်နိုင်ငံ IS စစ်သွေးကြွများကို အားလုံးချေမှုန်းပြီးသည်အထိ နေထိုင်သွားမည်ဖြစ်ကြောင်း၊ မဟာမိတ်များကလည်း ပိုမိုကူညီရမည်ဖြစ်ကြောင်း၊ သမ္မတထရန့်က ဆီးရီးယားရှိ IS တို့ကို လုံးဝအောင်နိုင်မှုမှာ မကြာမီပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ထရန့်က ဝါရှင်တန်တွင် IS  တိုက်ခိုက်ရေးနည်းလမ်းများ ဆွေးနွေးရန် ဝါရှင်တန်သို့ရောက်ရှိနေကြသည့် နိုင်ငံ ၇ဝ မှ ကိုယ်စားလှယ်များအား မိန့်ခွန်းပြောကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

IS  တို့ကိုအောင်နိုင်ပြီးဖြစ်၍ ဆီးရီးယားမှ အမေရိကန်တပ်သား ၂ဝဝဝ ကို ပြန်လည်ရုပ်သိမ်းတော့မည်ဟု ထရန့်က ဒီဇင်ဘာလက ပြောကြားခဲ့သည့်အပေါ်တွင် မဟာမိတ်နိုင်ငံများကို လုံးဝအံ့အားသင့်စေခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မိန့်ခွန်းပြောကြားရာတွင် ထရန့်က အမေရိကန်ဦးဆောင်သော တပ်များနှင့် ကာ့ဒ်မဟာမိတ်တပ်များက နယ်မြေများစွာကို IS တို့ လက်မှလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ချိန်က ခါလီဖိတ်နိုင်ငံဟုကြေညာထားခဲ့သော ၎င်းတို့နယ်မြေများကို သိမ်းဆည်းမိခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ ထရန့်ကဆက်လက်၍ လာမည့်ရက်သတ္တပတ်များတွင် မိမိတို့က IS  တို့၏ ခါလီဖိတ်နိုင်ငံကို လုံးဝရာနှုန်းပြည့်အောင်မြင်မှုကို ကြေညာသွားမည်ဟု ပြောကြားခဲ့သည်။


ယခုအခါ IS တို့မှာ အကြွင်းအကျန်သာရှိတော့ကြောင်း၊ ထိုအကြွင်းအကျန်သည် အန္တရာယ်ရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။ မိမိတို့က ပြည်သူများကို IS IS တို့လက်ထဲမှ ကယ်တင်သွားရမည်ဖြစ်ကြောင်း၊ အစွန်းရောက်အစ္စလာမ္မစ်ဝါဒအကြမ်းဖက်သမားတို့လက်မှ ကာကွယ်သွားကြရမည်ဟု ထရန့်ကထပ်မံပြောခဲ့သည်။


ဤအစည်းအဝေးမှာ အမေရိကန်တပ်များ ပြန်လည်ရုပ်သိမ်းရန်ကိစ္စ တူရကီနှင့်ကာ့ဒ်တပ်ဖွဲ့များအကြားသင့်မြတ်ရေးကိစ္စနှင့် ဆီးရီးယား၌ဖမ်းဆီးရမိထားသည့် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများကိစ္စကို ဖြေရှင်းသွားရန်ဖြစ်သည်။ အမေရိကန်က ဖမ်းဆီးထားသူများကို ၎င်းတို့နိုင်ငံများသို့ ပြန်ပို့သွားမည်ဟုဆိုသည်။ ဆွေးနွေးပွဲတွင် အဓိကကိစ္စမှာ ဆီးရီးယားနယ်ထဲ၌ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရေး ဖြစ်သည်။ အမေရိကန်တပ်များ မထွက်ခွာမီ သတ်မှတ်ရန်ဖြစ်သည်။

Ref ; AFP/CNA

Ref ; AFP/CNA

Rate this item
(0 votes)
back to top