HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အတိုက်အခံများကပေးမည့် အကူအညီများ တားဆီးရန် တံတားတစ်စင်းကို ဗင်နီဇွဲလားစစ်တပ် ပိတ်ဆို့

ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၇

ကိုလံဘီယာနိုင်ငံနှင့် အဓိက နယ်စပ်ဂိတ် ပေါက်တွင်တည်ရှိသော တံတားတစ်စင်းကို ဗင်နီဇွဲလားစစ်တပ်က ပိတ်ဆို့ထားလိုက်ပြီး ဆေးဝါးနှင့် အစားအစာများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေ ရသော ၎င်းတို့နိုင်ငံကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရန် အမေရိကန်ထောက်ခံသည့် အတိုက်အခံများ၏ ကြိုးပမ်းမှုကို ဖေဖော်ဝါရီ ၆ ရက်တွင် ပယ်ချလိုက်သည်။

ကြီးမားသော အဝါရောင် လော်ရီကား၊ ကြီးမားသော အပြာရောင် ကွန်တိန်နာယာဉ်တို့သည် ဗင်နီဇွဲလားဘက်မှ Tienditas နိုင်ငံတကာတံတားကို ဖြတ်သန်းခွင့်မပြုသည့်အတွက် ကူကူတာ နယ်စပ်မြို့တွင် ပိတ်မိနေသည်ဟု ကိုလံဘီယာတာဝန်ရှိသူများကဆိုသည်။  ဗင်နီဇွဲလားနိုင်ငံသို့ မျှဝေပေးမည်ဟု အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီ ဒိုက ပြောဆိုထားသော လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အစိုး ရကသိုမှီးထားသည့်နေရာတွင် ယင်းတံတားက တည်ရှိသည်။  အမေရိကန်သမ္မတ ထရန့်အစိုးရကလည်း ဒေါ်လာ သန်း ၂ဝ ဖိုးရှိ အကူအညီများပေးမည် ဟု ကတိပြုထားပြီး ကနေဒါကလည်း ဒေါ်လာ ၅၃ သန်းဖိုး အကူအညီပေးမည်ဟု ကတိပေးထားသည်။


ယင်းအကူအညီပေးရေး အစီအစဉ်သည် နိုင်ငံအတွင်းသို့ ထောက်ပံ့မှုများ ဝင်ရောက်ရန် မပြုဟု ကြွေးကြော်ထားသော လက်ရှိသမ္မတ နီကိုလပ်စ်မာဒူရို နှင့် ဂွါအီဒိုတို့အကြားမှ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်လာခဲ့သည်။ သမ္မတမာဒူရိုက ဗင်နီဇွဲလားနိုင်ငံသည် သူတောင်းစားနိုင်ငံ မဟုတ်ကြောင်း၊ နိုင်ငံခြားဝင် ရောက်နှောင့်ယှက်မှုနှင့် ညီမျှသည့် လူသားချင်းအကူအညီများကို လက်ခံရန် ငြင်းပယ်ထားခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။


ကမ္ဘာတစ်ဝန်းမှ နိုင်ငံပေါင်း ၄ဝ ကျော်က ကိုယ့်ကိုယ်ကိုယ် ကြား ဖြတ်သမ္မတဟု ကြွေးကြော်ထား သော အတိုက်အခံခေါင်းဆောင် ဂွါအီဒိုကို ထောက်ခံပေးထားသည်။  အရေးပေါ်ပစ္စည်းပို့ဆောင်မှုသည် ဗင်နီဇွဲလားလက်နက်ကိုင် တပ်ဖွဲ့များအတွက် စမ်းသပ်မှုတစ် ခုဖြစ်ပြီး အကူအညီများကို ပေး ဖြတ်မည်လော။ အမိန့်ကို နာခံမည် လောဆိုသည့်အချက်ကို ရွေး ချယ်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ 

Ref: AP

#democracytoday

Rate this item
(0 votes)
back to top