HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

MH 17 လေယာဉ်ပစ်ချခံရမှု ရုရှားနှင့် တွေ့ဆုံဆွေးနွေးလိုဟု နယ်သာလန် ပြော

MH 17 လေယာဉ်ပစ်ချခံရမှု ရုရှားနှင့် တွေ့ဆုံဆွေးနွေးလိုဟု နယ်သာလန် ပြော

သည်ဟိတ်(ဂ်)၊ ဖေဖော်ဝါရီ ၈ 

၂ဝ၁၄ ခုနှစ်က ယူကရိန်း ကောင်းကင်ယံတွင် ခရီးသည်တင် ဂျက်လေယာဉ် MH 17 ပစ်ချခံရမှုတွင် ရုရှားနိုင်ငံတွင် တာဝန်ရှိသည်ဟု ဥရောပနိုင်ငံများက သုံးသပ်ထားကြသဖြင့် နယ်သာလန်နိုင်ငံသည် ရုရှားနိုင်ငံနှင့် သံတမန်နည်းလမ်းအရ ဆွေးနွေးပြောဆိုလိုသည်ဟု နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ်ဘလော့က ထုတ် ဖော်ပြောဆိုလိုက်သည်ဟု ဖေဖော်ဝါရီ ၈ ရက်သတင်းများအရ သိရသည်။

ရုရှားတို့၏ ဘတ်ဒုံးကျည်ထိမှန်သောကြောင့် ဘိုးရင်း ၇၇၇ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံးအနက် သုံးပုံနှစ်ပုံမှာ ဒတ်ခ်ျခရီးသည်များဖြစ်ကြပြီး လေယာဉ်ပျက်နှင့်အတူ သေဆုံးခဲ့ကြရသည်ဟုလည်း သတင်းထောက်များသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။ လေယာဉ်သည် ရုရှားလုပ် ဘတ်ဒုံးကျည်ဖြင့် ပစ်ချခံရသည်မှာ နိုင်ငံတကာစစ်ဆေးချက်အရ သေချာသည်ဟုလည်း ဆက်လက်ပြောဆိုလိုက်သည်။


ရုရှားနိုင်ငံကမူ လေယာဉ် ပစ်ချခံရသည်မှာမဟုတ်ဟု ငြင်းဆိုထားသည်။ ရုရှားနိုင်ငံက လေယာဉ်ပစ်ချ ခြင်းခံရမှုအား ငြင်းပယ်ခဲ့လျှင် လေယာဉ်ပေါ်ပါ သေဆုံးသူများအတွက် လျော်ကြေးငွေများတောင်းခံသွားမည်ဟုလည်း ဆက်လက်ပြော ကြားလိုက်သည်။ 

Ref:AP

#democracytoday

Rate this item
(0 votes)
back to top