HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗင်နီဇွဲလားအတွက် ကူညီထောက်ပံ့မှုပေးရန် ယာဉ်များ ဗင်နီဇွဲလားနှင့် ကိုလံဘီယာ နယ်စပ်သို့ ရောက်ရှိ

ဗင်နီဇွဲလားအတွက် ကူညီထောက်ပံ့မှုပေးရန် ယာဉ်များ ဗင်နီဇွဲလားနှင့် ကိုလံဘီယာ နယ်စပ်သို့ ရောက်ရှိ

 ကူကူတာ(ကိုလံဘီယာ)၊ ဖေဖော်ဝါရီ ၈

ဗင်နီဇွဲလားနိုင်ငံအတွက် အမေရိကန်ကပေးပို့လှူဒါန်းသော လူသားချင်းစာနာထောက်ထားခြင်းအကူအညီများ သယ်ဆောင်လာသော နောက်တွဲပါကုန်တင်ကားနှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က ဗင်နီဇွဲလားနှင့် ကိုလံဘီယာနယ်စပ်သို့ရောက်ရှိလာခဲ့ပြီဟု သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်ကြောင်း ဖေဖော်ဝါရီ ၈ ရက် သတင်းများအရ သိရှိရသည်။

စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်တင်ဆောင်လာ သော နောက်တွဲပါထရပ်ယာဉ် နှစ်စင်းသည် ကိုလံဘီယာနယ်စပ် ကူကူတာမြို့သို့ ရောက်ရှိလာခဲ့သည်။ ယင်းကယ်ဆယ်ရေး ပစ္စည်းများအား ဗင်နီဇွဲလားဒုက္ခ သည်များထံသို့ရောက်ရှိအောင် အမြန်ဆုံးပေးပို့သွားမည်ဟုလည်း သတင်းများအရ သိရှိရသည်။ သမ္မတမာဒူရိုက မိမိတို့နိုင်ငံတွင် စားရေရိက္ခာများရှားပါးလို အပ်နေသည်ဟု ပြောကြားနေခြင်းအား မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်။ ဗင်နီဇွဲလားစစ်တပ်သည် နှစ်နိုင်ငံနယ်စပ်များရှိ တပ်များကို ကုန်စည်များအားစစ် ဆေးရန် ခွင့်ပြုမိန့်ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆက်လက်ပြောဆို လိုက်သည်။


ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ဂွါအီဒိုက နိုင်ငံအတွင်း အစာရိက္ခာနှင့်ဆေးဝါးများ ပြတ်လပ်နေ၍ နိုင်ငံတကာမှအကူ အညီပေးရန် တောင်းခံခဲ့သည်။ ဂွါအီဒိုသည် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄ဝ ခန့်တို့က ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုခံထားရသူဖြစ်သည်။ ရုရှား၊ တရုတ်နှင့် အခြားသောနိုင်ငံအ တော်များများတို့က မာဒူရိုကို အသိအမှတ်ပြုထားခဲ့ကြသည်။ နယ်စပ်တံတားကို အစိုးရကပိတ်ထား၍ တက်ကြွလှုပ်ရှားသူ ၁၂ ဦးခန့်တို့က အရေးပေါ်ကူညီရေး ယာဉ်တန်းများအား တံတားပေါ်မှဖြတ်သန်းခွင့်ပြုရန် တောင်းဆို ခဲ့ကြသည်။


ကိုလံဘီယာနိုင်ငံတွင် ခေတ္တ ရောက်ရှိနေထိုင်သူ ဗင်နီဇွဲလား နိုင်ငံသား လူးဝစ်(စ်)အက်စ်ကိုဘာက မိမိ၏ဇနီးသည် ရင်သားကင်ဆာဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီယာဉ်တန်းအား ဗင်နီဇွဲလားပြည်တွင်းဝင် ရောက်ခွင့်ရန် သမ္မတမာဒူရိုကို တိုက်တွန်းတောင်းဆိုလိုက်သည်။ ''စားရေရိက္ခာနှင့် ဆေးဝါး ကူညီမှုများဗန်းပြပြီး နောက်ကွယ်၌  CIA နှင့် ဗင်နီဇွဲလားအတိုက်အခံပြည်ပြေးလွှတ်တော်အ မတ်များရှိနေသည်ဟု ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး ဂျော့(ခ်ျ)ရို ဒရီဂတ်စ်က ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားလိုက်သည်။ အလားတူပင် ဥရောပသမဂ္ဂ ဝင်နိုင်ငံများနှင့် လက်တင်အမေ ရိကနိုင်ငံများက ဗင်နီဇွဲလားနိုင်ငံတွင် တည်ငြိမ်အေးဆေး၍ ရွေး ကောက်ပွဲကျင်းပပေးရန် မာဒူရိုအား တိုက်တွန်းလိုက်သည်။ သို့ မှသာ ဗင်နီဇွဲလားတွင် ငြိမ်းချမ်း ရေးရရှိမည်ဟုလည်း ဆက်လက် ပြောဆိုလိုက်သည်။

Ref;AP

#democracytoday

Rate this item
(0 votes)
back to top