HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သတင်းသမား ခါရှိုဂျီကို သေနတ်ဖြင့်ပစ်သတ်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ပြောဆိုခဲ့ဖူးသည့်သတင်း ထွက်ပေါ်လာ

သတင်းသမား ခါရှိုဂျီကို သေနတ်ဖြင့်ပစ်သတ်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ပြောဆိုခဲ့ဖူးသည့်သတင်း ထွက်ပေါ်လာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အသတ်ခံခဲ့ရသော သတင်းသမား ဂျမေးခါရှိုဂျီအနေဖြင့် နိုင်ငံသို့ပြန် မလာဘဲဆော်ဒီအစိုးရကို ဝေဖန်မှုများအား ရပ်တန့်ခြင်းမပြုပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု ၂ဝ၁၇ ခုနှစ်၌ ¤င်း၏ထိပ်တန်းလက်ထောက်များကိုပြောကြားခဲ့ကြောင်း ယင်း ထောက်လှမ်းရေးသတင်းနှင့်နီးစပ်သည့် အမေရိကန်နှင့် နိုင်ငံခြား လက်ရှိအရာရှိနှင့် အရာရှိဟောင်းများက ပြောကြားခဲ့သည်။

အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများက ကြားဖြတ်ရယူနိုင်ခဲ့သော ယင်းစကားပြောချက်အရ အိမ် ရှေ့စံအနေဖြင့် အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲတွင် ဆော်ဒီထောက်လှမ်းရေးအဖွဲ့နှင့် အချေအတင်ဖြစ်ခဲ့ပုံရသည့် မစ္စတာ ခါရှိုဂျီကိုသတ်ဖြတ်ခဲ့ကာ အရိုးဖြတ် လွှကိုအသုံးပြုပြီး အလောင်းကိုအပိုင်းပိုင်းခုတ်ဖြတ်ခဲ့သည်ဆိုသော သက်သေခိုင်မာလာခဲ့သည်။


မစ္စတာခါရှိုဂျီအသတ်ခံရမှုသည် ကမ္ဘာတစ်ဝန်းနှင့် အမေရိကန်ရှိပါတီနှစ်ရပ်လုံးကြား ဒေါသထွက်ခဲ့ကြရပြီး အကြီးတန်းလွှတ် တော်အမတ်များက တာဝန်ရှိသူကိုစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ သတင်းသမားအသတ်ခံရမှုတွင်လူငယ်အိမ်ရှေ့စံမပါဝင်ခဲ့ကြောင်းဆော်ဒီအစိုးရက ငြင်းဆိုထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မည်သူ့ထံတွင်တာဝန်ရှိသူဆိုသော အချက်အလက်များကိုရရှိရန် စိတ်ဝင်စား မှုအနည်းငယ်သာ ပြနေသည်။ ခမည်းတော်ကြီး ဘုရင်ဆော်လ် မန်နောက်ပိုင်းတွင်ဆော်ဒီထီးနန်းကိုဆက်ခံရမည့် အိမ်ရှေ့စံမိုဟာ မက်သည် ဆော်ဒီ၏အုပ်ချုပ်သူ တစ်ဦးနှင့် သမ္မတအိမ်ဖြူတော်၊ အထူးသဖြင့်သမ္မတ၏ သမက်နှင့် အကြီးတန်းအကြံပေး မစ္စတာဂျ ရက်ကူရှ်နာနှင့် အနီးကပ်မဟာမိတ် ဖြစ်လာခဲ့သည်။


ယင်းထောက်လှမ်းရေးမှ ရရှိခဲ့သည့် အိမ်ရှေ့စံပြောဆိုချက်ကိုမကြာသေးခင်ကမှ အချက်အလက်ဖြင့် ပြန်လည်ရေးသားခဲ့ခြင်း ဖြစ်ပြီးမစ္စတာခါရှိုဂျီ အသတ်ခံရမှုအတွက် တာဝန်ရှိသူကို ပြဆိုနိုင် မည့်သက်သေကို ရှာဖွေနေသော ထောက်လှမ်းရေးအေဂျင်စီများ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် အခြား အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတို့က NSA မှ ကြားဖြတ် ထောက်လှမ်းသိမ်းဆည်းထားနိုင်ခဲ့သော အိမ်ရှေ့စံ၏အသံနှင့်စာတို ဆက်သွယ်မှုများကို မှန်၊ မမှန်စစ် ဆေးနေခဲ့သည်ဟုဆိုသည်။

Ref:NYTIMES

#democracytoday

Rate this item
(0 votes)
back to top