အမေရိကန် ဆီယက်တဲလ်မြို့တွင် နှင်းမုန်တိုင်း တိုက်ခတ်

ဆီယက်တဲလ်၊ ဖေဖော်ဝါရီ ၉ - အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်တွင် ဆောင်းတွင်းနှင်းမုန်တိုင်းတစ်ခု ဖေဖော်ဝါရီ ၈ ရက်က တိုက်ခတ်သွားခဲ့၍ လူအများအား ဘေးလွတ်ကင်းရာသို့ ကယ်ဆယ် ထားရသည်ဟု ဖေဖော်ဝါရီ ၉ ရက် သတင်းများအရ သိရှိရသည်။
ဆီ ယက်တဲလ်မြို့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နှင်းများထူထပ်စွာ ကျဆင်းနေပြီး မြေပြင်အချို့ နေရာများတွင် နှင်းအထူ ၈ လက်မ (၂ဝ စင်တီမီတာ) ဖုံးလွှမ်းခဲ့ရသည်ဟု သိရှိရသည်။ နှင်းမုန်တိုင်း ဖြစ်ပေါ်နေသောကြောင့် လူအများသည် အိမ်ပြင်သို့မထွက်ကြဘဲ ကု မ္ပဏီအချို့လည်း ပိတ်ထားနေရ သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေအင်စလီးက ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန် ထားရသည်။ ''ဒီနှင်းမုန်တိုင်းဟာ နှစ်ပေါင်းများစွာအတွင်းမှာတော့ အဆိုးဆုံးပဲ'' ဟု မိုးလေဝသအရာ ရှိများက ထုတ်ဖော်ပြောဆိုလိုက် သည်။ ကယ်လီဖိုနီးယားပြည်နယ် တွင် ခရီးသွားဧည့်သည် ၁၂ဝ ကျော် တို့ မုန်တိုင်းအတွင်း ပိတ်မိနေကြ သည်။ ဖေဖော်ဝါရီ ၉ ရက်က နှင်း ထု ၇ ပေ (၂ မီတာ) အမြင့်ခန့်ရှိ နေသည်ဟုလည်း သတင်းများအရ သိရှိရသည်။
''ကင်ညွန်အပန်းဖြေဥယျာဉ် အတွင်း၌ လမ်းရာသီဥတုကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာ ပိတ် မိနေကြသည်'' ဟု သစ်တောဌာန ပြောရေးဆိုခွင့်ရှိသူ အလီစီယာ အမ်ဘရေးက ထုတ်ဖော်ပြောဆို လိုက်သည်။ လမ်းများပေါ်တွင် နှင်း မုန်တိုင်းကြောင့် သစ်ပင်ကြီးများ ၂ဝ ခန့် ပြိုလဲနေ၍ ဝန်ထမ်းများ က ခုတ်ထွင်းရှင်းလင်းဖယ်ရှားနေ ရသည်။
ယိုးစမိုက်ဥယျာဉ်တွင်း၌လည်း အဆောက်အအုံ ၅ဝ ခန့်နှင့် သစ် ပင်ကြီများ နှင်းထုအလေးချိန်ကြောင့် ပြိုပျက်ခဲ့ကြရသည်။ မီချီဂန်ပြည်နယ်တွင် နှင်းမုန်တိုင်းကြောင့် လျှပ် စစ်မီးများပြတ်တောက်နေခဲ့ကြရ သည်။ ဆီယက်တဲလ်မြို့တွင်လည်း ဒေသခံများအနေနှင့် နှင်းများစိုစွတ် နေသော လမ်းမကြီးများပေါ်သို့ မ သွားရောက်ရန် အာဏာပိုင်များ က သတိပေးကြေညာထားရသည်။
''ဘယ်သွားသွားနှင့် နှင်းထု ထဲခြေမြှုပ်နေတော့ သွားရလာတာ အခက်အခဲတွေ့နေရတယ်''ဟု ဝါ ရှင်တန်ပြည်နယ် သယ်ယူပို့ဆောင် ရေးဌာနမှာ အရာရှိတစ်ဦးက ထုတ် ဖော်ပြောဆိုလိုက်သည်။
ပြည်နယ်အတွင်း စာသင် ကျောင်းများ ပိတ်ထားရပြီး လေ ယာဉ်ကွင်းများအားလည်း ပိတ် ထားရသည်ဟုလည်း သိရှိရသည်။
''နှင်းတွေက တအားကျနေ သော အပူချိန်ကလည်း ရေခဲမှတ် အောက် အမြဲလိုလိုရောက်နေပါ တယ်''ဟု အသက် (၅၉) နှစ်အ ရွယ်ဒေသခံတစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်သည်။
ကုန်စုံဆိုင်များတွင်လည်း လူ သုံးကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ပေါက်ပြားများ၊ ဂေါ်ပြားများအ ဝယ်လိုက်၍ ပစ္စည်းများပြတ်လပ် နေရသည်။
Ref: AP
Latest from YMG
- 'ဒီဇာတ်ကားကနေတစ်ဆင့် ကျွန်မတို့က တံခါးတစ်ပေါက်ကို ဖွင့်ပြီးတော့ ကမ္ဘာကိုလှမ်းကြည့်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်' ဒေါ်ဆွေဇင်ထိုက်
- ဇနီးဖြစ်သူမသိအောင် အသားအရေအစိုဓာတ်ထိန်း ဘူးတွေကို ခိုးလေ့ရှိတဲ့ ရိုင်ယန်ရေးနိုးစ်
- သမိုင်းနောက်ခံဒရာမာမှာ ပါဝင်လာမယ့် မင်းသမီး ရှင်ဆဲဂျောင်း
- နည်းပြအဖြစ် လီဂူးတွင် လုပ်ကိုင်ဖွယ်ရှိကြောင်း မော်ရင်ဟိုဆို
- ဗန်ဒစ်မပါဝင်နိုင်သော်လည်း စိုးရိမ်ရန်မလိုကြောင်း အလစ်ဆန်ပြောဆို၊ မိမိ၏အတွေ့အကြုံများဖြင့် ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ရှိဟု ကီတာကြုံးဝါး