HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗင်နီဇွဲလားပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းသွားရန် တရုတ်တိုက်တွန်း

ဗင်နီဇွဲလားပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းသွားရန် တရုတ်တိုက်တွန်း

ပေကျင်း၊ ဖေဖော်ဝါရီ ၉ - ဗင်နီဇွဲလားနိုင်ငံသည် ၎င်း၏ ပြဿနာကို ၎င်းဘာသာငြိမ်းချမ်း သောဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားသင့်ကြောင်း၊ တရုတ်က ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ ၏ ကြိုးပမ်းအားထုတ်မှုကို ထောက် ခံကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်ကို ရိုက်တာသတင်းက ဖေဖော်ဝါရီ ၉ရက်တွင် ဖော်ပြလိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့မှ နိုင်ငံ ၂ဝ ခန့်တွင် ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နှင့် စပိန်တို့ပါဝင်ပြီး အမေရိကန်ပြည်ထောင်စုနှင့်အတူ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွာအီဒိုအား ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုပြီး၊ ဆိုရှယ်လစ်သမ္မတ နီကိုလပ်စ်မာဒူဂိုအား ရွေးကောက် ပွဲအသစ်ပြုလုပ်ပေးရန် တောင်း ဆိုခဲ့ကြသည်။

အမေရိကန်၏ သဘောထား တင်းမာသောရပ်တည်ချက်ကို ထောက်ခံလျက် အီးယူနှင့် လက်တင်အမေရိကနိုင်ငံတချို့က အလယ်အလတ်ပိုင်းကိုလိုက်ကာ ဗင်နီဇွဲလားအား ဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲအသစ် ပြုလုပ်သွား ရန် တိုက်တွန်းခဲ့ကြသည်။

ဗင်နီဇွဲလားနှင့်ပတ်သက် သည့် အီးယူအဖွဲ့၏ နိုင်ငံတကာ ဆက်သွယ်ရေးအုပ်စုက အစည်းအဝေးတစ်ရပ်ကို ဥရုဂွေးနိုင်ငံ မွန်တီဗီဒီယိုမြို့တော်၌ ပြုလုပ်ခဲ့ ရာ ဗင်နီဇွဲလားသို့ အင်အားဖြင့် ဝင်ရောက်စွက်ဖက်ခြင်းသည် ပြ ဿနာကို ပို၍ ကျယ်ပြန့်စေမည် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ဤအစည်းအဝေးအပေါ် တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်မှာ တရုတ်က ဗင်နီဇွဲလားအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက ငြိမ်းချမ်းစွာဖြေရှင်းသည်ကို ထောက်ခံ ကြောင်း၊ သက်ဆိုင်သောအဖွဲ့ အားလုံးက အပြုသဘောဖြင့် ဆက် လက်လုပ်ကိုင်သွားရန် လိုအပ် ကြောင်း ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားအရေးကိစ္စကို သူ၏ နိုင်ငံသားများက ဖွဲ့စည်းပုံ ဥပဒေနှင့် အခြားဥပဒေများနှင့်အညီ ငြိမ်းချမ်းစွာဆွေးနွေးကာ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသွားရမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ဆက်လက်ဖော်ပြခဲ့သည်။

ဤနည်းဖြင့်သာ ဗင်နီဇွဲလား နိုင်ငံအား နောက်ဆုံးတည်ငြိမ် အောင် လုပ်ဆောင်သွားလိမ့်မည် ဟု ကြေညာချက်က ထပ်မံဖော်ပြ ခဲ့သည်။

တရုတ်က ဗင်နီဇွဲလားအား ဒေါ်လာ ၅ဝဘီလီယံ ချေးငှားထား ခဲ့ရာ ဗင်နီဇွဲလားက တရုတ်သို့ ရေနံများဖြင့် ပေးဆပ်သွားရမည် ဖြစ်သည်။ တရုတ်၏ စီးပွားရေး တိုးတက်မှုအတွက် ရေနံလိုအပ် ချက်ကို ဖြည့်ဆည်းရန်ဖြစ်သည်။

ဗင်နီဇွဲလားမှာ ရေနံဈေး ကျ ၍ ၂ဝ၁၅ ခုနှစ် ဇွန်လက စီးပွားရေး ကျဆင်းခဲ့သည်။ ဂွာအီဒိုက တရုတ်၊ ရုရှာြးေ<ွကးရှင်များကို ဦးစားပေး မည်ဖြစ်ကြောင်း အကြောင်းကြား ခဲ့သည်။ ဤနှစ်နိုင်ငံမှာ ဗင်နီဇွဲလား နှင့် အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံများ ဖြစ်သည်။ 

Ref; Reuters

Rate this item
(0 votes)
YMG

back to top