HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်သမ္မတ ကျန်းမာရေးစစ်ဆေး၊ ကျန်းမာရေးကောင်းမွန်နေသော်လည်း ကိုလက်စထရောလျှော့ချရမည်

အမေရိကန်သမ္မတ ကျန်းမာရေးစစ်ဆေး၊ ကျန်းမာရေးကောင်းမွန်နေသော်လည်း ကိုလက်စထရောလျှော့ချရမည်

ဘီတက်စ်ဒါ၊ ဖေဖော်ဝါရီ ၉ - အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နှစ်စဉ်ပြုလုပ်နေကျ အထွေထွေကျန်းမာရေး စစ်ဆေးရာတွင် ဆရာဝန်များက ထရန့်အ နေနှင့် ကယ်လိုရီများ လျှော့ချနိုင်ရန် စားသောက်ခြင်းနှင့် ကာယ လေ့ကျင့်ခန်းများ များများပြုလုပ်ရန် လိုအပ်နေကြောင်း အကြံပေး မှုများပြုလုပ်ခဲ့သည်ဟု ဖေဖော်ဝါ ရီ ၉ရက် သတင်းစာများအရ သိ ရှိရသည်။

အထွေထွေကျန်းမာရေး စစ် ဆေးမှုကို သမ္မတဒေါ်နယ်ထရန့် သည် Walter Reed စစ်ဆေးရုံ တွင် လေးနာရီကြာ ဒေါက်တာ ရှောင်ပီကွန်လီဦးစီးကာ စစ်ဆေး ပေးခဲ့သည်။

''သမ္မတကျန်းမာရေး ကောင်း နေတာကို ဝမ်းမြောက်စဖွယ် စစ် ဆေးတွေ့ရပါတယ်။ သမ္မတ သက် တမ်းအတွင်း ဘာရောဂါမှ ထူးထူး ထွေထွေမတွေ့ခဲ့ပါဘူး''ဟု ဒေါက် တာကွန်လီက ထုတ်ဖော်ပြောကြား လိုက်သည်။

ဒေါ်နယ်ထရန့်သည် အရပ် ခြောက်ပေ သုံးလက်မနှင့် ကိုယ် အလေးချိန် ၂၃၉ ပေါင်ရှိနေပြီး အနည်းငယ် ဝဖြိုးနေခြင်းရှိနေ သည်။ အသက် ၇၂ နှစ်ရှိပြီ ဖြစ်သော ထရန့်သည် ဆေးလိပ် မသောက် အရက်မသောက်သူဖြစ် သည်။ ဂေါ့ဖ်ရိုက်ကစားခြင်းကဲ့သို့ အားကစားကို လိုက်စားသူလည်း ဖြစ်သည်။ အိမ်ဖြူတော်ကို ပတ် ၍ ကျန်းမာရေးအတွက် လမ်း လျှောက်တတ်သူလည်းဖြစ်သည်။ စား သောက်ရာတွင် ထရန့်သည် အစာ အသင့်စားအစားအသောက် များကို ခုံမင်သူဖြစ်သည်။

Ref : AP

Rate this item
(0 votes)
YMG

back to top