HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထရန့်နှင့် ကင်တို့၏ထိပ်သီးဆွေးနွေးပွဲကို ဟနွိုင်းမြို့တွင် ပြုလုပ်သွားမည်

ထရန့်နှင့် ကင်တို့၏ထိပ်သီးဆွေးနွေးပွဲကို ဟနွိုင်းမြို့တွင် ပြုလုပ်သွားမည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ - အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ¤င်းနှင့်မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကို ဟနွိုင်းမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည် ဟု ဗဏ သတင်းကဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားလိုက်သည်။

ထရန့်က ¤င်းအနေဖြင့် ခန့်မှန်းရသည်မှာ ဤအာဏာရှင်နိုင် ငံသည် တစ်နေ့နေ့တွင် ကင်၏ခေါင်းဆောင်မှုအောက်တွင် ကြီးမား သော စီးပွားရေးထွန်းကားသည့်နိုင်ငံဖြစ်လာလိမ့်မည်ဟုလည်း ပြောကြားလိုက်သည်။

ထရန့်က တွစ်တာ၌ နှစ်ကြိမ်ဖော်ပြခဲ့သည်မှာ ကင်ဂျုံအန်ကို ချီးကျူးလိုက်ပြီး၊ ဖေဖော်ဝါရီ ၂၇-၂၈ ရက်တွင် အပြုသဘောဆောင် သည့် ဆွေးနွေးပွဲပြီးနောက် ¤င်း၏ကိုယ်စားလှယ်အဖွဲ့ကို မြောက် ကိုရီးယားသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ထရန့်ကဖော်ပြခဲ့သည်။
ထရန့်ကဆက်လက်၍ မိမိအနေဖြင့် ဥက္ကဋ္ဌကင်နှင့်တွေ့ဆုံရန် မျှော်လင့်စောင့်စားနေကြောင်း ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက် သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒေါ်နယ်ထရန့်က အစောပိုင်းက ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်တွင်ပြုလုပ်မည်ဟုပြောခဲ့သော်လည်း အစည်းအဝေးကို မည်သည့်မြို့တွင် ကျင်းပမည်ကို မဖော်ပြခဲ့ပေ။ ဤသည်မှာ စင်ကာပူတွင် ဇွန်လ၌ ပထမဆုံးထိပ်သီးအစည်းအဝေးပြီးနောက် ယခုပြုလုပ်မည့်အစည်းအဝေးမှာ ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ် သည်။

စင်ကာပူထိပ်သီးအစည်းအဝေးပြီးနောက် ကင်က နူးကလီးယားအပြီးပိုင်ဖျက်သိမ်းရေးအတွက် ဆုံးဖြတ်ချက်ချထားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် နူးကလီးယားကင်းမဲ့ရေးအတွက် ပြောခဲ့ သော်လည်း မည်သည့်အချိန်တွင် အကောင်အထည်ဖော်သည်ဆို သည့် လမ်းပြမြေပုံကိုမူ ချမပြခဲ့ပေ။

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင်ဘီဂန်သည် မြောက်ကိုရီးယားနှင့် နျူကလီးယားဖျက်သိမ်း ရေးကိစ္စကို တိကျစွာဆွေးနွေးပြီးပြီဟု ယူဆရမည်။ ဗီယက်နမ်ထိပ် သီးအစည်းအဝေး၌ ညှိနှိုင်းသဘောတူရန်ဖြစ်သည်။ အပြန် အလှန်အားဖြင့် အမေရိကန်ဘက်က မည်မျှလိုက်လျောမည်ဆိုသည့် အချက်လည်းရှိနေသည်ဟုဆိုသည်။

Ref: AP

Rate this item
(0 votes)
YMG

back to top