HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်-တရုတ် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည်

အမေရိကန်-တရုတ် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ဝ - အမေရိကန်နှင့် တရုတ် နှစ် နိုင်ငံကုန်သွယ်ရေး ညှိနှိုင်းဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ဆွေးနွေးနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်သည်ဟု ယခင်ရက်သတ္တပတ်အတွင်းကပင် နှစ် ဖက်ညှိနှိုင်းရေးမှူးများက ဆောင် ရွက်နေပြီဟု ဖေဖော်ဝါရီ ၁ဝ ရက် သတင်းများအရ သိရှိရသည်။

နှစ်ဖက်ကုန်သွယ်ရေး ညှိ နှိုင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ၏ အခြေခံပြုပြင်ပြောင်းလဲမှုများ ကို ဦးစားပေးဆွေးနွေးသွားမည်ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ပေကျင်းတွင် ပြုလုပ်မည့် ယင်းဆွေးနွေးပွဲသို့ အမေရိကန် ကုန်သွယ်ရေးအဖွဲ့ ဒုတိယအကြီး အကဲဖြစ်သူ ဂျက်ဖရီဂါရစ်ရှ်က ဦးဆောင် တက်ရောက်မည် ဖြစ် သည်။

နှစ်နိုင်ငံ အပြန်အလှန် သွင်း ကုန်များ၊ အကောက်ခွန်များ ဆိုင် ရာ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ ကာ ယင်းအား ကုန်သွယ်ရေး စစ် ပွဲဟူ၍ ပညာရှင်များက အမည်ပေး သတ်မှတ်ခဲ့ကြသည်။

Rate this item
(0 votes)
YMG

back to top