ဗင်နီဇွဲလား နိုင်ငံအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဝင်ခွင့်ပြုရန် ဆရာဝန်များ ဆန္ဒပြတောင်းဆို

ကူကူတာ၊ ဖေဖော်ဝါရီ ၁၁
ဗင်နီဇွဲလား ဆရာဝန်များသည် နိုင်ငံအတွင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်လာနိုင်ရန် နိုင်ငံ၏စစ်တပ်က တားဆီးပိတ်ပင်ထားသော တံတားတစ်ခုမှ ဝင်ခွင့် ရရေးအတွက် ဖေဖော်ဝါရီ ၁ဝ ရက်တွင် ဆန္ဒပြခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီဒိုက အစားအသောက်နှင့် ဆေးဝါးအ ထောက်အပံ့များ အကျပ်အတည်းသည် အကြမ်းဖက်မှုအသွင်ဆောင်လာနိုင်ကြောင်း သတိပေးပြော ကြားလိုက်သည်။
ကြီးမားသော ဗင်နီဇွဲလား နိုင်ငံအလံကြီးကို သယ်ဆောင်လာသော နှစ်ဒါဇင်ခန့်ရှိသည့် ဆရာဝန်များသည် အဖြူရောင်ကုတ် အင်္ကျီများ ဝတ်ဆင်ထားပြီး အမေရိကန်နိုင်ငံက ထောက်ပံ့ထား သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတင် ဆောင်လာသည့် Tienditas တံတားပေါ်တွင် ပိတ်မိနေသည့် ဆီတင်ယာဉ်နှင့် ကုန်တင်ကွန်တိန် နာနှစ်စီးကို စစ်တပ်အနေဖြင့် ဖယ်ရှားပေးရေး တောင်းဆိုခဲ့ကြသည်။ နယ်စပ်ရှိ ကိုလံဘီယာ နိုင်ငံဘက်အခြမ်းတွင် ဆရာဝန်များက ဆန္ဒပြခဲ့ကြပြီး ဗင်နီဇွဲလားဘက်အ ခြမ်းတွင်လည်း အလားတူဆန္ဒပြမှု များနှင့် ကြုံတွေ့ရနိုင်သည်ဟု ပြောဆိုထားသည်။
စိတ်ရောဂါအထူးကု ဆရာ ဝန်ဒေါက်တာကာတီယာ ဒီယက်က ဗင်နီဇွဲလားနိုင်ငံသို့ အကူ အညီများပို့ဆောင်နိုင်မှု တစ်ရက် အချိန်ကြာသည်နှင့်မျှ လူနာများ၏ အန္တရာယ်သည်လည်း တစ်ရက်ပိုဆိုးနိုင်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက ''ဒီကွန်တိန်နာ တွေက ဘာကိုကိုယ်စားပြုသလဲ ဆိုတော့ အာဏာရှင်ရဲ့ မောက်မာ တာကိုပြသနေပါတယ်။ လူသားဆန်မှုတွေ ပျောက်ဆုံးနေပြီး ကျွန်မတို့ရဲ့ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ကိုယ်ချင်းစာ ခံစားရပါတယ်''ဟု ပြောဆိုခဲ့သည်။ ဗင်နီဇွဲလားသမ္မတနီကိုးလတ်စ် မာဒူရိုက အထောက်အပံ့အကူအညီများကို ဝင်ခွင့်ပြုမည်မဟုတ် ကြောင်း ကြွေးကြော်ထားပြီး ဗင်နီဇွဲလားနိုင်ငံသည် သူတောင်းစား နိုင်ငံမဟုတ်ကြောင်း ပြောကြား ထားသည်။
Ref:AP
#democracytoday
Latest from M Bwe
- ပညာရေးဥပဒေကြမ်းကို အမေရိကန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်ဖွယ်ရှိ
- ကမ္ဘာကြီး ပူနွေးလာပြီဟု စတင်အသိပေးခဲ့သူ သိပ္ပံပညာရှင်ကြီး အသက် (၈၇) နှစ်တွင် ကွယ်လွန်
- ထိုင်း ဆန်၊ စပါး အာမခံစနစ်အောင်မြင်၍ ဆက်လက် ကျင့်သုံးမည်
- လူရာနှင့်ချီပြီး အစာအဆိပ်သင့် လက္ခဏာများ ခံစားခဲ့ရမှုကြောင့် မွန်ဂိုလီးယားနိုင်ငံရှိ KFC စားသောက်ဆိုင်များကို ယာယီပိတ်သိမ်း
- ဂွါအီဒိုကိုထောက်ခံရန် ဗင်နီဇွဲလားစစ်တပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့် တိုက်တွန်း