HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆီးရီးယားရှိ အမေရိကန်တပ်များ ယခုရက်သတ္တပတ်အတွင်း စတင်ရုပ်သိမ်းမည်

ဆီးရီးယားရှိ အမေရိကန်တပ်များ ယခုရက်သတ္တပတ်အတွင်း စတင်ရုပ်သိမ်းမည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁

အမေရိကန် ပြည်ထောင်စုသည် ဆီးရီးယားရှိ မိမိတပ်များအား ယခုရက်သတ္တပတ်အတွင်း စတင်ရုပ်သိမ်းတော့မည်ဟု ကြည်းတပ်မ တော်မှ ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဗိုတယ်လ်က ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဖေဖော်ဝါရီ ၁၁ ရက်သတင်းများအရ သိရှိရသည်။ သို့သော် ရက်အတိအကျအသေးစိတ်ကိုမူ ထုတ်ဖော်မပြောကြားခဲ့ချေ။

''လူတွေကိုပဲ အရင်ရုပ်သိမ်းမယ်ဗျာ။ ဒါကပစ္စည်းပစ္စယတွေ ရုပ်သိမ်းရထာထက် အများကြီးလွယ်တာပေါ့။ ဒါပေမဲ့ ဘယ်တော့လောက် အကုန်အစင်ရွှေ့ပြောင်းမယ်ဆို တာကတော့ စစ်မြေပြင်ရဲ့ ပကတိအခြေအနေမှန်ပေါ် မူတည်နေ တော့ ပြောရဖို့တော့ခက်တယ် ပေါ့''ဟု ¤င်းကသတင်းစာဆရာများအား ထုတ်ဖော်ပြောဆိုလိုက်သည်။ အိုင်အက်စ်စစ်သွေးကြွများသည် အီရတ်နှင့် ဆီးရီးယားတို့တွင် ၁၈ဝဝဝ ခန့်ရှိနေပြီး နိုင်ငံခြားတပ်များမှာ အင်အား ၃ဝဝဝ ခန့်ရှိနေသည် ဟု ရိုက်တာသတင်းဌာနက ရေးသားခဲ့သည်။

Ref : Reuters

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top