HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မင်နီဆိုတာပြည်နယ် ဒီမိုကရက်ပါတီမှ ကလိုဘူချာ ၂ဝ၂ဝ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

မင်နီဆိုတာပြည်နယ် ဒီမိုကရက်ပါတီမှ ကလိုဘူချာ ၂ဝ၂ဝ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

မင်နီယာပိုလစ်(စ်)၊ ဖေဖော်ဝါရီ ၁၁

ဒီမိုကရက်ပါတီဝင် အသက် ၅၈နှစ်ရှိ အေမီကလိုဘူချာသည် ၂ဝ၂ဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၌ မီနီဆိုတာပြည်နယ်မှ ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဟု ဖေ ဖော်ဝါရီ ၁၁ရက်သတင်းများအရသိရှိရသည်။ အေမီကလိုဘူချာသည် လက်ရှိသမ္မတဒေါ်နယ်ထရန့်၏ မူဝါဒများအား တစ်ချက်စီ ထောက်ပြ ဝေဖန်ခဲ့သည်။ ''သမ္မတရဲ့ မူဝါဒ မှားယွင်းမှုကြောင့် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ နိုင်ငံအ ခြေအနေကို ပြုပြင်ဖို့ ရွေးကောက် ပွဲဝင်တာပါ''ဟု ပြောဆိုလိုက်သည်။ ကလိုဘူချာသည် သံရိုင်းတူးဖော်ရေး သတ္တုတွင်းပိုင်ရှင် တစ်ဦး၏ မြေးတစ်ဦးဖြစ်သည်။

''ကျွန်မသာ အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးတစ်ယောက်ဖြစ်လာခဲ့ရင် ကမ္ဘာ့ရာသီဥတု စာချုပ်အဖွဲ့ ဝင်နိုင်ငံအဖြစ် အမြန်ဆုံး ပြန်လည်ဝင်ရောက်မှာပဲ''ဟူ၍လည်း ဆက်လက်ပြောကြားခဲ့သည်။ ''နိုင်ငံတွင်း သေနတ်ကိုင်ဆောင်သော ဥပဒေကိုပြဋ္ဌာန်းပြီး နိုင်ငံတကာ ကျန်းမာရေး ကိစ္စအဝဝတွေကိုလည်း ကိုင်တွယ်မယ်။ အမေရိ ကန်စစ်တပ်ကို ဖွံ့ဖြိုးအောင်လည်း ပြုလုပ်မယ်''ဟူ၍လည်း ပြောကြားခဲ့သည်။


မင်နီဆိုတာပြည်နယ် ရီပတ်ဘလီကန်အဖွဲ့ဝင်များက ''ကလိုဘူချာသည် နိုင်ငံရေးအတွေ့အ ကြုံမရှိဘဲနှင့် နိုင်ငံအား ပြောင်းလဲရန် ကြိုးစားနေသူဖြစ်သည်''ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။က လိုဘူချာသည် ပဉ္စမမြောက် အမျိုးသမီးသမ္မတလောင်းအဖြစ် ယှဉ် ပြိုင်မည့်သူတစ်ဦးဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ် ဆီးနိတ်တာ အမတ်ကမ်မလာဟဲရစ်စ်၊ နယူး ယောက်ပြည်နယ်မှ ခရစ္စတင်းဂီ လီဘရန်း၊ မင်ဆာချူးဆက်ပြည်နယ်မှ ဝါရင့်နှင့် ဟာဝိုင်ယီမှတူ ရန်စီဂက်ဘာတို့သည် အမျိုးသမီးသမ္မတလောင်းများဖြစ်ကြပြီး နယူးဂျာစီပြည်နယ်မှ ကိုရီဘွတ်ခါ၊ ဗားမော့ပြည်နယ်မှ ဘာနီဆန်းဒါး၊ အို့ဟိုင်းယိုးပြည်နယ်မှ ရှာရော့ဘ ရောင်းနှင့် အော်ရီဂွန်ပြည်နယ်မှ ဂျက်မာကလေတို့သည်လည်း သမ္မတလောင်းများအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

Ref;AFP

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top