HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပဲရစ်မြို့ဆင်ခြေဖုံးတွင် ဓာတ်ရထားတိုက်၊ ၁၂ ဦးဒဏ်ရာရ

ပဲရစ်မြို့ဆင်ခြေဖုံးတွင် ဓာတ်ရထားတိုက်၊ ၁၂ ဦးဒဏ်ရာရ

ပဲရစ်၊ဖေဖော်ဝါရီ ၁၂

ပြင်သစ်နိုင်ငံပဲရစ်မြို့ အနောက်မြောက်ပိုင်း ဆင်ခြေဖုံးအရပ်တွင် ရှားရှားပါးပါး ဓာတ်ရထားနှစ်စင်း တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအထဲတွင် တစ်ဦးမှာစိုးရိမ်ရကြောင်း မီးသတ်ဌာန၏ပြောကြားချက်ကို AFP သတင်းဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြလိုက်သည်။ အခင်းဖြစ်ပွားရာနေရာမှာ အစ်ဆီလက်စ်ဘူတာနှင့် လက်စ် မော်လီနတ်ဇ်ဘူတာအကြားတွင် ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၉ နာရီ အချိန်တွင်ဖြစ်ပွားခဲ့ပြီး ဘာကြောင့် မတော်တဆမှုဖြစ်ရသည်ကို  မသိရသေးကြောင်း ပဲရစ်မြို့သယ်ယူပို့ဆောင်ရေးဌာနမှ ပြော ခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ခရီးသည်တင်ဆောင်ထားသော ရထားနှစ်စင်းတိုက်မိခြင်း ဖြစ်ကြောင်း၊ရထားတစ်စင်းက လမ်းပေါ်၌ရပ်ထားစဉ် အခြားတစ်စင်းက နောက်မှဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ အတိုက်ခံရသောရထားမှာ လမ်းချော်သွားခဲ့ကြောင်း အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့သည်။ ဒဏ်ရာရသူတစ်ဦးမှာ စိုးရိမ်ရပြီး အခြား ၁၁ ဦးမှာ အခြေအနေကောင်းမွန်ကြောင်း မီးသတ်ဌာနမှ ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ်က ကယ်ဆယ်ရေးလုပ်ငန်းလုပ် ဆောင်ခဲ့ပြီးနောက် AFP သတင်းဌာနကို ပြော ကြားခဲ့သည်။

Ref:AFP/CNA

#democracytoday

Rate this item
(0 votes)
back to top