HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပြိုကွဲနေသော မျောပါရေခဲတုံးပေါ်ပိတ်မိနေသူ တံငါသည်များကို ကယ်တင်ခဲ့ရ

ပြိုကွဲနေသော မျောပါရေခဲတုံးပေါ်ပိတ်မိနေသူ တံငါသည်များကို ကယ်တင်ခဲ့ရ

မာဘဲလ်ဟက်၊ မတ် ၁ဝ - အမေရိကန်နိုင်ငံ အိုဟိုင်းယိုး ပြည်နယ်ရှိ အဲရစ်ရေကန်ကြီးတွင် မျောပါနေသော ရေခဲတုံးကြီးပေါ် တွင် ငါးဖမ်းရင်း ပိတ်မိနေသော တံငါသည် ၁၄၆ ဦးတို့အား ကမ်း ခြေစောင့်တပ်နှင့် အရေးပေါ်ကယ် ဆယ်ရေးသမားများက မတ် ၉ ရက်အစောပိုင်းက တဖြည်းဖြည်း ချင်း ပဲ့ကျနေသော ရေခဲတုံးအန္တ ရာယ်မှ ကယ်ဆယ်ပေးခဲ့ရသည် ဟု မတ် ၁ဝရက်က ကမ်းခြေစောင့် တပ်ဖွဲ့အရာရှိဘရန်ယန်မက္ကရွန် က ထုတ်ဖော်ပြောဆိုလိုက်သည်။

လေတိုက်ခတ်မှုကြောင့်ပင် ရေခဲတုံးကြီးမှ တဖြည်းဖြည်းချင်း ပဲ့ကျနေသော ရေခဲတုံးများပေါ်မှ တံငါသည်များ မိမိတို့ ငါးဖမ်းမော် တော်များ ရေခဲတုံးမျောပါမှုများ အကြားညပ်ကာ စက်ပျက်နေသော တံငါမော်တော်များပေါ်မှ တံငါ သည်များ စုစုပေါင်း ၄၆ဦးတို့အား ရဟတ်ယာဉ်များသုံး၍ အောင်မြင် စွာ ကယ်ဆယ်ပေးနိုင်ခဲ့သည်ဟု လည်း ¤င်းက ဆက်လက်ပြော ကြားလိုက်သည်။

''ရေခဲတုံးဟာ လျင်မြန်စွာ ပဲ့ထွက်လာနေပြီး ကမ်းခြေနဲ့ ရေခဲ တုံးအကြား ရေပြင်တစ်ခုဖြစ်ထွန်း လာခဲ့ပြီး လူတွေဟာ ကယ်သူမဲ့ ဒုက္ခရောက်နေကြရပါတယ်''ဟု အသက် ၄၂ နှစ်အရွယ် တံငါသည် တိုနီအက်ကင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ကနေဒါနိုင်ငံ အော့တဝါမြို့ရဲအဖွဲ့သည် နံနက် ၈နာရီ မိနစ် ၃ဝတွင် သတင်းရရှိလျှင်ရချင်း ကမ်းခြေ စောင့်ကယ်ဆယ်ရေးသင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် အလျင်အမြန်သွားကာ အကူအညီပေးခဲ့ကြသည်။ ကယ်ဆယ်ရေးအောင်မြင်ပြီး ထိ ခိုက်ဒဏ်ရာရသူမရှိကြောင်း ¤င်း က ထုတ်ဖော်ပြောကြားခဲ့သည်။

''ကမ်းခြေကို ပြေးဖို့ဆိုတာ ကလည်း ရေခဲတုံးကလည်း လျင် မြန်စွာကွဲအက်ပြီး မျောပါနေတာ မို့ ကျွန်တော်တို့ဟာ ကမ်းနဲ့ဝေး သည်ထက် ဝေးဝေး မျောပါကုန် ကြတယ်''ဟု ဒုက္ခသည်တစ်ဦးဖြစ် သူ ဂျိမ်းစ်ဂီဘယ်လ်ယူက ထုတ် ဖော်ပြောကြားလိုက်သည်။

''လေကလည်း တဝူးဝူးနဲ့ တိုက်နေပြီး ကွဲအက်နေတဲ့ရေခဲတုံး ပေါ်မှာ သွေးခဲသွားပြီလားလို့ တောင် ထင်ရတယ်''ဟု ¤င်းက ဆက်လက်ပြောကြားလိုက်သည်။

''ရေခဲပြိုကျနေတာက လျင် မြန်နေတာမို့ ကယ်ဆယ်ရေးသမား တွေဟာ ရေခဲအကွဲတွေအကြား ခုန်ကူးလို့တောင်မရဘူး ဖြစ်နေ တာ။ ရဟတ်ယာဉ်က ကယ်တင် နိုင်ခဲ့လို့ တော်သေးတာပေါ့''ဟု ကမ်းခြေမှ စောင့်ကြည့်နေသူတစ် ဦးက ပြောဆိုလိုက်သည်။

Rate this item
(0 votes)
YMG

back to top