HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကိုလံဘီယာ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ လေယာဉ်ပေါ်ပါသူ ၁၂ ဦး သေဆုံး

ကိုလံဘီယာ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ  လေယာဉ်ပေါ်ပါသူ ၁၂ ဦး သေဆုံး

ဘိုဂိုတာ၊ မတ် ၁ဝ

ကိုလံဘီယာနိုင်ငံတွင် စန်ဂျိုးဒဲလ် ဂွာဗီရာမြို့နှင့် ဗီလာဗီစင်ဆီယိုမြို့အကြား ပြေးဆွဲနေသော ခရီးသည်တင်လေယာဉ် ငယ်တစ်စင်းသည် ခရီးသည် ၁၂ ဦး နှင့်အတူ ဗီလာဗီစင်ဆီယိုမြို့အနီး လာဘင်ဒီစီယွန်ဒေသအနီး၌ မတ် ၉ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က ပျက်ကျကာ လေယာဉ်ပေါ်ပါ ၁၂ ဦးစလုံး သေဆုံးခဲ့ရသည်ဟု ကိုလံဘီယာ မြို့ပြ ကာကွယ်ရေးအဖွဲ့က မတ် ၁ဝ ရက်တွင် သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်း ရင်းအား စုံစမ်းနေဆဲဖြစ်ပြီး ယင်း လေယာဉ်မှာ အရေးပေါ်အချက်ပေးမှု လက်ခံရရှိခဲ့သည်ဟု မြို့ပြကာကွယ်ရေးဌာနက သတင်းထုတ်ပြန်လိုက်သည်။ လေယာဉ်ပေါ်ပါ ခရီးသည်များ စာရင်းကိုခွဲခြားဖော်ပြရန် အာဏာပိုင်များက ကြိုးစားနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိထားသည်။

Ref; CNN

#democracytoday

Rate this item
(0 votes)
back to top