HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တူရကီမှ နယူးယောက်သို့ ပျံသန်းသော တူရကီလေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်အဆင်းတွင် လေပွေလှိုင်းဖြင့် ကြုံတွေ့ရ

တူရကီမှ နယူးယောက်သို့ ပျံသန်းသော တူရကီလေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်အဆင်းတွင် လေပွေလှိုင်းဖြင့် ကြုံတွေ့ရ

နယူးယောက်၊ မတ် ၁ဝ

တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ပျံသန်းသော တူရကီ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ဘိုးရင်း ၇၇၇ သည် မတ် ၉ ရက်က နယူးယောက် ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ဆင်းရန် ပြင်ဆင် နေချိန်တွင် ပြင်းထန်သော လေပွေလှိုင်းတစ်ခုဖြင့် ၄၅ မိနစ်ကြာတွေ့ကြုံခဲ့ရပြီး လေယာဉ် ပေါ်ပါ ခရီးသည် ၃ဝဝ အနက် ခရီးသည် ၃ဝခန့်သည် လေယာဉ်မူးခြင်း၊ ထိခိုက်မိခြင်းများခံစားခဲ့ရပြီး လေယာဉ်မှာမူ လေဆိပ်သို့ ညနေ ၅နာရီ ၃၅ မိနစ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက် နိုင်ခဲ့သည်ဟုလေဆိပ်အရာရှိများက မတ် ၁ဝ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စတန်ဘူလ်မှ နယူးယောက်သို့ ၁ဝ နာရီ ကြာခရီးစဉ်ဖြစ်ပြီး နယူးယောက်လေဆိပ်တွင် ကျန်းမာရေးဝန်ထမ်းများက ပြုစုကုသပေးခြင်း၊ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ရသည်။

Ref; AP

#democracytoday

Rate this item
(0 votes)
back to top