HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းတောင်ပိုင်း မူဆလင် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ဖိုရမ်ကျင်းပ

ထိုင်းတောင်ပိုင်း မူဆလင် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ဖိုရမ်ကျင်းပ

ဘန်ကောက်၊ မတ် ၁၁ 

ထိုင်းနိုင်ငံတောင်ပိုင်း၏ အချို့မိသားစုများတွင် သားသမီးများ အတင်းအဓမ္မလက်ထပ်ထိမ်းမြားပေးခြင်းများရှိနေပြီး အမျိုးသမီးအများစုသည် မိမိတို့ခံစားမှုကို ထုတ်ဖော်မပြောဘဲ နှုတ်ဆိတ်နေခြင်းများရှိနေကြသောကြောင့် မိမိတို့၏အခွင့်အရေးများကို ထုတ်ဖော်တောင်းဆိုရန်လိုအပ်သည်ဟု မတ် ၈ ရက်က နိုင်ငံ တကာအမျိုးသမီးများနေ့အဖြစ် Oxfam Thailand မှ ကြီးမှူး ကျင်းပသော အမျိုးသမီးရေးရာဖိုရမ်တစ်ခုမှ တိုက်တွန်းပြောဆိုလိုက်သည်။

ယင်းဖိုရမ်၌ မူဆလင်အမျိုးသမီးနှစ်ဦးက မိမိတို့ကို အတင်းအဓမ္မပေးစားသောကြောင့် ပျော်ရွှင်မှုမခံစားရခြင်းအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။ အနာဂတ်တွင် အမျိုးသမီးများ အကြမ်းဖက်မခံရရေး ကာကွယ်မှုများကိုလည်းဆွေးနွေးခဲ့ ကြသည်။ ငယ်ရွယ်သူ မူဆလင်အမျိုးသမီးများသည် သက်လတ်အရွယ် ယောက်ျားများနှင့်အဓမ္မပေးစားခြင်းခံနေရသည်။ မိမိသည် ဆယ်နှစ်သမီးအရွယ်မှစတင်ကာ မချစ်မနှစ်သက်ဘဲ အဓမ္မလက်ထပ်ထိမ်းမြားပေး ခြင်းခံရသည်။ ယင်းအပြင် မိမိသည် ထိုယောက်ျား၏ဒုတိယမယားအဖြစ် သတ်မှတ်ခံခဲ့ရ သည်ဟုလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

''ကျွန်မမိခင်ကတော့ ကျွန်မကို မယားဝတ္တရားနဲ့အညီနေဖို့ အမြဲဆုံးမပါတယ်။ မယားကောင်းတစ်ယောက်ဖြစ်မှ နောက်ဘဝများတွင် ကောင်းစားမည်ဟုလည်း ဘာသာရေးအဆုံးအမများဖြင့် ဆိုဆုံးမခဲ့တယ်။ ဒါပေမဲ့ကျွန်မဘဝကိုတော့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ နေ့စဉ်နီးပါးငရဲကျသလိုခံစားခဲ့ရပါတယ်''ဟူ၍ ဆက်လက်ပြော ကြားလိုက်သည်။ ဖိုရမ်တွင် တောင်ပိုင်းဒေသမှစ၍ အစောဆုံးအိမ်ထောင်ပြုခဲ့ သူအမျိုးသမီးတစ်ဦး၏ ခံစားချက်ကိုလည်း ဗီဒီယိုဖြင့်ရှင်းလင်းပြသခဲ့သည်။


ထိုင်းနိုင်ငံတောင်ပိုင်းဒေသများတွင် မူဆလင်ဘာသာဝင် အမျိုးသမီးများသည် ကြိုက်ကြိုက် မကြိုက်ကြိုက် စောစီးစွာအိမ်ထောင်ပြု ကြရသည်။ တစ်ခါတစ်ရံတွင် ၎င်းအမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံခဲ့ကြရသည်။ ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရခြင်းဖြစ်သည်။ ရာလာပတ္ထာနီနှင့် နရာသီဝပ် စသော ထိုင်းတောင်ပိုင်းပြည်နယ်များတွင် အမျိုးသားများနှင့် ခွဲခြားဆက် ဆံခြင်းခံရသောအမျိုးသမီးများ အများအပြားရှိနေသည်ဟု အမျိုးသမီးများနှင့် လုံခြုံစိတ်ချရမှုဟူသောခေါင်းစဉ်ဖြင့် ဝါလီလတ်တက္ကသိုလ်တွင်ပြုလုပ်သောဖိုရမ်တွင် သုတေသနမှူး တာဝီလပ်ပိုလာချွန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ 

Ref:,The Bangkok Post

#democracytoday

Rate this item
(0 votes)
back to top