HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားနှင့် တတိယအကြိမ် ထိပ်သီးဆွေးနွေးရန် တံခါးဖွင့်ထားဟုဆို

ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားနှင့် တတိယအကြိမ် ထိပ်သီးဆွေးနွေးရန် တံခါးဖွင့်ထားဟုဆို

ဝါရှင်တန်၊ မတ် ၁၁

မြောက်ကိုရီးယားထိပ်တန်း ခေါင်းဆောင်ကင်ဂျုံအန်နှင့် တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် တံခါးဖွင့်ထားကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်ဟု အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်က ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက မတ် ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ မတ် ၁ဝ ရက်၌ ABC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဘိုလ်တန်ကသမ္မတထရန့်သည် ကင်ဂျုံအန်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရရှိအောင် အချိန်များစွာ ပေးခဲ့ရကြောင်း ထရန့်က ၎င်းတို့၏ ရင်းနှီးမှုအပေါ်တွင် ယုံကြည်မှုရှိကြောင်း ၎င်းကပြောကြားလိုက်သည်။

ထရန့်က ¤င်းအနေဖြင့် တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားသည်ဟု ပြောကြားခဲ့ကြောင်း၊ အချိန်မသတ်မှတ်ရသေးကြောင်း၊ အချိန်ယူရ ဦးမည်ဖြစ်ကြောင်း ဘိုလ်တန်က ပြောကြားလိုက်သည်။ ဓာတ်ပုံများအရ မြောက်ကိုရီးယား၏ ဒုံးပျံစခန်းများ လှုပ် ရှားနေသည်ကိုတွေ့ရသည်ဟုဆို သော သတင်းများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဘိုလ်တန်က ထိုအရာများမှာ စီးပွားရေးဆိုင်ရာ ဂြိုဟ်တုများဖြစ်သလားဆိုသည်ကို မဝေခွဲတတ်ကြောင်း ပြောကြားလိုက်သည်။ အဆိုပါဓာတ်ပုံများနှင့်ပတ်သက်၍ အမေရိကန်က မြောက် ကိုရီးယားအား မေးမြန်းခြင်းမရှိခဲ့ ကြောင်း၊ သို့ရာတွင် မတ် ၁၁ ရက်တွင် ၎င်းနှင့် တောင်ကိုရီးယား လုံခြုံရေးအရာရှိနှင့် တွေ့ဆုံသည့် အခါ ဤကိစ္စကိုမေးမြန်းသွားမည်ဟု ဘိုလ်တန်ကပြောကြားခဲ့သည်။


အမေရိကန်မီဒီယာများက မြောက်ကိုရီးယားသည် တောင်ချန်ရီရှိတာဝေးပစ်ဒုံးပျံစခန်းအား အလျင်အမြန်ပြန်လည် တည်ဆောက် နေကြောင်း ဖော်ပြခဲ့ကြသည်။ ထရန့်အား အဆိုပါ ဒုံးပျံစခန်းပုံများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အလွန့်အလွန်စိတ်ပျက်ရမှာပါဟု ပြောခဲ့သည်။ ဘိုလ်တန်က ဤကိစ္စနှင့်ပတ်သက်၍ အစီရင်ခံမှုအပေါ်တွင် ဆုံးဖြတ်ရန်အချိန်စောသေးသည် ဟု ပြောကြားလိုက်သည်။


အမေရိကန်အရာရှိတစ်ဦးက နျူကလီးယားဆွေးနွေးပွဲတွင် တောင်ချန်ရီဒုံးပျံစခန်းမှာ အရေးမပါဟု ပြောကြားခဲ့သည်။ ဤကိစ္စအပေါ် ဟုတ်မဟုတ် ဆုံးဖြတ်ရန် အမေရိကန်က လေ့လာလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထရန့်ရော နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပါ မြောက်ကိုရီးယားနှင့် ဆက်လက် ဆွေးနွေးမည်ဟု ပြောကြားလျက်ရှိသည်။ 

Ref: Xinhua, Reuters

#democracytoday

Rate this item
(0 votes)
back to top