HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပရာယွတ်ချန်အိုချာ ဝန်ကြီးချုပ်ဖြစ်လာမည်ကို အဘီဆစ် မထောက်ခံ

ပရာယွတ်ချန်အိုချာ ဝန်ကြီးချုပ်ဖြစ်လာမည်ကို အဘီဆစ် မထောက်ခံ

ဘန်ကောက်၊ မတ် ၁၁

ဒီမိုကရက်တစ်ပါတီခေါင်း ဆောင် အဘီဆစ်ဝေ့ဂျာရှီဝက မတ် ၁ဝ ရက်တွင် ၎င်း၏နိုင်ငံရေး ရပ်တည်ချက်ကို ထုတ်ဖော်ပြော ကြားခဲ့ရာ မတ် ၂၄ ရက် ရွေး ကောက်ပွဲနောက်ပိုင်း ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာအား ဝန်ကြီး ချုပ်ရာထူး၌ ပြန်လည်နေရာရသည်ကို မလိုလားကြောင်း ပြော ကြားလိုက်သည်။ ၎င်းသည် အစိုး ရဆန့်ကျင်သော ဖြူထိုင်းပါတီနှင့် အစိုးရလိုလားသော ပါလန်ပရာချာရတ် (PPRP) ပါတီတို့ကိုပါ ဝေဖန်ခဲ့သည်။ အဘီဆစ်က ၃၃ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို လုံးဝမထောက်ခံကြောင်း၊ PPRP ပါတီက ပရာယွတ်တစ်ဦးတည်းကို ဝန်ကြီးချုပ်လောင်းအဖြစ်တင်သွင်းထားခဲ့သည်။

မိမိအနေဖြင့် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို လုံးဝမထောက်ခံ ကြောင်း၊ ၎င်းသည် အာဏာကို ကြာရှည်စွာဆုပ်ကိုင်ထားပြီး ပဋိပက္ခများကို ဖန်တီးခဲ့ကြောင်း၊ မိမိပါတီ၏ လူထုပထမဆိုသည့် အယူအဆကို ဆန့်ကျင်သူဖြစ်ကြောင်း အဘီဆစ်က ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးပရာယွတ်၏ ဦး ဆောင်မှုအောက် ငါးနှစ်တာကာလအတွင်း စီးပွားရေးဆုတ်ယုတ် ပြီး နိုင်ငံမှာလည်း ဆိုးရွားစွာခံစား ခဲ့ကြရသည်ဟု ၎င်းကပြောကြားလိုက်သည်။ ဤဗီဒီယိုမှာ ဒီမိုကရေစီအုပ်စုနှင့် အစိုးရလိုလားသောအုပ်စုတို့ အကြား မတ် ၂၄ ရက် ရွေးကောက်ပွဲ မတိုင်မီ ပေါ်ထွက်လာခြင်းဖြစ်သည်။


အဘီဆစ်၏ ဤကြေညာချက်အပေါ် ဖြူထိုင်းပါတီ၏ အဓိက ပုဂ္ဂိုလ်အနူဆန်အီယန်ဆာအတ်ကာ ဗိုလ်ချုပ်ကြီးပရာယွတ်အား ဆန့်ကျင်မလား၊ ထောက်ခံမလားဆိုသည့် အချက်နှစ်ချက်သာရှိကြောင်း၊ အဘီဆစ်က ၎င်း၏ကြေညာချက်ကို ခိုင်မာစွာဖော်ပြမည်ဆိုပါက ဒီမိုကရက်ပါတီ အလုပ်အမှုဆောင်အဖွဲ့၏ လက်မှတ်ထိုးကာပါတီ၏ ကြေညာချက်အဖြစ် ထုတ်ပြန်သင့် ကြောင်း ပြောကြားလိုက်သည်။

 

PPRP ပါတီ၏ အရှေ့မြောက် ဒေသတာဝန်ခံ သူရိယဂျန်ရောင် ဂရန်ကစ်ကတုံ့ပြန်ပြောကြားခဲ့သည်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပါတီသုံးခုသာရှိကြောင်း၊ (PPRP) ဖြူထိုင်းနှင့် ဒီမိုကရက်ပါတီတို့ဖြစ် ကြောင်းဆိုသည်။ အဘီဆစ်၏ပြောကြားချက်မှာ ဖြူထိုင်းပါတီနှင့် လက်တွဲရန်လားဟု ၎င်းကပြော ကြားလိုက်သည်။ ဆူခိုထိုင်းသမ္မာသီရတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ယုတာပေါင်အီဆာရတ်ချိုင်းက ပြောကြားရာတွင် အဘီဆစ်၏ ကြေညာချက်အရ ဒီမိုကရက်ပါတီသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁ဝဝ ခန့်သာရမည်ဟု ယူဆရကြောင်းဆိုသည်။

Ref: online news

#democracytoday

Rate this item
(0 votes)
back to top